အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမှာ ရထားမှောက်

  • 22 ဇန်နဝါရီ 2017
Image caption ကယ်ဆယ်ရေးလုပ်သားတွေကလည်း အပျက်အစီးကြားထဲက အသက်ရှင်တဲ့သူတွေကို ကယ်ထုတ်နေဆဲ

အိန္ဒိယနိုင်ငံ အင်ဒရာ ပရာဒေ့ရှ်ပြည်နယ်မှာ ရထားမှောက်မှုဖြစ်ခဲ့တဲ့အတွက် အနည်းဆုံး ၃၆ယောက် သေဆုံးပြီး ၆၀ကျော် ဒဏ်ရာရခဲ့ပါတယ်။

ဒီရထားဟာ သြရိဿ ပြည်နယ်က ဘူဘန် နက်စွာမြို့ကို သွားနေတဲ့ ရထားဖြစ်ပြီး ရထားခေါင်းပိုင်းနဲ့ တွဲ ကိုးတွဲ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

တချို့တွဲတွေဟာ ကပ်လျက် ရထားလမ်းက ကုန်တွဲတွေပေါ်ကိုလည်း ပြိုလဲခဲ့ကြပါတယ်။

ကယ်ဆယ်ရေးလုပ်သားတွေကလည်း အပျက်အစီးကြားထဲက အသက်ရှင်တဲ့သူတွေကို ကယ်ထုတ်နေဆဲ ဖြစ်ပါတယ်။

အိန္ဒိယရထားလမ်း အရာရှိတယောက်ဖြစ်တဲ့ မစ္စတာ ချန်ဒရာ လက်ကာ မူကာဂျီက

'ကျနော်တို့ ရထားလမ်းရဲ့ ၂နေရာမှာ သံလမ်းကျိုးနေတာကို တွေ့ရပါတယ်။

တမင်ဖျက်ဆီးထားတာလို့ ယူဆနိုင်တဲ့အတွက် ကျွမ်းကျင်တဲ့သူတွေက စစ်ဆေးနေပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။

ဒီရထားမှောက်တဲ့နေရာဟာ မော်ဝါဒီ သူပုန်တွေ ထကြွတဲ့နေရာဖြစ်ပေမယ့် ပုံမှန်အားဖြင့် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ပဲ တိုက်ပွဲဖြစ်လေ့ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ