တဲလ်အဗီးကနေ ဂျေရူဆလင်ဆီ အမေရိကန် သံရုံး ပြောင်းဖွင့်မယ်

  • 22 ဇန်နဝါရီ 2017
Image caption အရှေ့ ဂျေရူဆလင်မ်

ထရမ့် သမ္မတ ဖြစ်လာ ခဲ့ပြီးတဲ့ နောက် ရက်အနည်းငယ် အတွင်းမှာပဲ အမေရိကန် ရဲ့ အစ္စရေး နိုင်ငံ ဆိုင်ရာ သံရုံးကို တဲလ် အဗီး မြို့ကနေ ဂျေရူ ဆလင်မ်ကို ပြောင်းရွှေ့ ထားရှိဖို့ စတင် စကား ပြောနေပြီလို့ အိမ်ဖြူတော်က ကြေညာပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်ဘက်စလုံးက ပိုင်ဆိုင်ကြောင်း ကြေညာထားတဲ့ ဂျေရူဆလင်မ် မှာ သံရုံးမထားဖို့ အမေရိကန် အနေနဲ့ နှစ်ရှည်လများ ကျင့်သုံး ခဲ့တဲ့ မူဝါဒကို ထရမ့် အစိုးရက ချိုးဖျက် လိုက်တာ ဖြစ်ပါတယ်။

ဂျေရူဆလင်မ်မှာ အမေရိကန် သံရုံး ပြောင်းဖွင့်မယ့် ကိစ္စကို ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်က ပြင်းပြင်းထန်ထန် ကန့်ကွက် ပါတယ်။

အစောပိုင်း တုန်းကလည်း အစ္စရေး အစိုးရက အရှေ့ ဂျေရူဆလင်မ် သိမ်းပိုက် နယ်မြေထဲ ဂျူး အခြေစိုက် အိမ်ယာ အလုံးပေါင်း ၅၆ဝ ဆောက်လုပ်ဖို့ ခွင့်ပြု လိုက်ပါတယ်။

အမေရိကန် သမ္မတ နေရာကို ဒေါ်နယ်ထရမ့် ရောက်လာချိန် အထိ စောင့်နေခဲ့တဲ့ အတွက် ခွင့်ပြုမိန့် ထုတ်ဖို့ ကြန့်ကြာ နေခဲ့ရတာ ဖြစ်တယ်လို့လည်း အစ္စရေး အစိုးရ အရာရှိတွေက ဆိုပါတယ်။

အမေရိကန် အနေနဲ့ အစ္စရေးရဲ့ အကောင်းဆုံး မိတ်ဆွေ ဖြစ်ရမယ် ဆိုပြီး ထရမ့်က ကတိပေး ထားပါတယ်။

ပါလက်စတိုင်း ပိုင်နက် နယ်မြေတွေမှာ ဂျူး အခြေစိုက် အိမ်ယာတွေ တည်ဆောက်တဲ့ လုပ်ရပ် အပေါ် ရှုတ်ချကြောင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အတွင်း ပြီးခဲ့တဲ့ လက မဲခွဲ ဆုံးဖြတ် ခဲ့ကြတုန်းက အိုဘားမား အစိုးရလက်ထက် အမေရိကန် အနေနဲ့ ဗီတို အာဏာသုံးပြီး ကန့်ကွက်တာမျိုး မလုပ်ပဲ နေခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ