နယ်သာလန် နေရတာ မကြိုက်ရင် ထွက်သွားသင့်လို့ ဒတ်ချ် ဝန်ကြီးချုပ် ပြော

  • 23 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် SANDER KONING
Image caption ဒတ်ချ် ဝန်ကြီးချုပ်နဲ့ ပြည်သူတွေ

နယ်သာလန် နိုင်ငံမှာ နေရတာမကြိုက်သူတွေ နိုင်ငံ ကနေ ထွက်သွား သင့်တယ်လို့ ဒတ်ချ် ဝန်ကြီးချုပ် Mark Rutte က ပြောလိုက်ပါတယ်။

တချို့လူတွေက အမျိုးသမီးတွေကို လက်ဆွဲ နှုတ်ဆက်ဖို့ ငြင်းဆိုကြတာဟာ အဓိပ္ပာယ် မရှိဘူးလို့ ဒတ်ချ် သတင်းစာနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ဝန်ကြီးချုပ်က ပြောပါတယ်။

နယ်သာလန်ရဲ့ လွတ်လပ်ခွင့်ကို အခွင့်ကောင်းယူပြီး နိုင်ငံတွင်းကို နောက်ထပ် ဝင်လာကြသူတွေ က သူတို့ နိုင်ငံတွေရဲ့ ယဉ်ကျေးမှုစံထားချက်တွေကို ချမှတ်ဖို့ ကြိုးစားလာကြတာ သည်းမခံချင်စရာပဲလို့ လည်း သူက ပြောပါတယ်။

ဒတ်ချ် လူမျိုးတွေက ကိုယ့်နိုင်ငံကို ပြင်ပကနေ ဝင်လာသူတွေ ဆီမှာ တဖြည်းဖြည်းနဲ့ လက်လွတ် ဆုံးရှုံး သွားသလို ခံစားကြရတယ်လို့လည်း ဒတ်ချ် ဝန်ကြီးချုပ်က ပြောပါတယ်။

လာမယ့် မတ်လမှာ လုပ်မယ့် အထွေထွေ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သဘောထား စစ်တမ်း ကောက်ယူရာမှာ အစ္စလာမ် လွတ်လပ်ရေး ကို ဆန့်ကျင်တဲ့ ပါတီက ထိပ်ဆုံးက ရောက်နေချိန်မှာ အခု မှတ်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ