ကျွန်းများရေး ထရမ့်ကို တရုတ်တုံ့ပြန်

  • 24 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် STR
Image caption ကင်းလှည့်နေတဲ့ တရုတ် စစ်သင်္ဘော

တရုတ်နိုင်ငံ အနေနဲ့ တောင်တရုတ်ပင်လယ်က သူတို့ ပိုင်တယ်လို့ ကြေညာ ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့ ပြော ဆိုလိုက်ပါတယ်။

အမေရိကန် သမ္မတ သစ် ဒေါ်နယ် ထရမ့် အစိုးရ ကနေပြီး အဲဒီက နိုင်ငံ တကာ နယ်မြေတွေကို ကာကွယ်သွားမှာ ဖြစ်တယ်လို့ ကတိပြု ပြောကြားလိုက်တဲ့ နောက်မှာ တရုတ်တို့ရဲ့ အခုလို သဘော ထား ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဘေဂျင်းမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်လင်းပွဲမှာ တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ဟွာ ချွန်ရင်း က သူတို့ ကြေညာ ထားတဲ့ အတိုင်း ရပ်တည်သွားမှာ လို့ ပြောကြားပါတယ်။

တောင်တရုတ် ပင်လယ်က နန်ရှာ ကျွန်းစုတွေနဲ့ ကပ်လျက် ရေပိုင်နက် တွေဟာ တရုတ် နိုင်ငံရဲ့ အငြင်းပွားစရာ မလိုတဲ့ အချုပ်အခြာပိုင် နယ်မြေတွေ ဖြစ်တယ်၊ တရုတ် နိုင်ငံ အနေနဲ့ တောင်တရုတ်ပင်လယ်ပြင်က သူတို့ရဲ့ နယ်မြေ အချုပ်အခြာ ပိုင်မှုနဲ့ ရေကြောင်း အခွင့်အရေး အကျိုးစီးပွား ကို အခိုင်အမာ ကာကွယ် သွားမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ