ကွန်ဒုံးကိစ္စ ပုပ်ရဟန်းမင်းနဲ့ အငြင်းပွား

  • 25 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အမျိုးသမီးတွေ ပါဝင်တဲ့ မော်လတာ သူရဲကောင်းများ

ရောမ ကက်သလစ် ကျောင်းတော်က မော်လတာ သူရဲကောင်းများ အဖွဲ့ အကြီးအကဲဟာ ကွန်ဒုံး ဝေငှမှု အကြောင်း ပုပ်ရဟန်းမင်းနဲ့ လူကြားမှာ အငြင်းပွားပြီး နုတ်ထွက်သွားပါတယ်။

ဆင်းရဲသားတွေ ဝေတဲ့ နေရာမှာ ကွန်ဒုံးတွေ ထည့်ပေးလို့ ဆိုပြီး သူ့အဖွဲ့ဝင် တယောက်ကို ထုတ်ပစ်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ မော်လတာ သူရဲကောင်းများ အဖွဲ့ အကြီးအကဲ Matthew Festing က စစ်ဆေးရာမှာ ပါဝင်ဖို့ ငြင်းဆိုပြီး နုတ်ထွက်ခဲ့တာပါ။

သားဆက်ခြားရေးမှာ ကွန်ဒုံး အသုံးပြုတာကို ရောမ ကက်သလစ် ကျောင်းတော်က တားမြစ် ထားပါတယ်။ ရှေးရိုးဆန်တဲ့ ကက်သလစ် အသိုင်းအဝိုင်းမှာ ပုပ်ရဟန်းမင်း ဟာ ဒီလို စည်းမျဉ်း ကန့်သတ်ဖို့ ကိစ္စမှာ သိပ် လိုက်လျောလွန်းတယ် ဆိုပြီး ဝေဖန်နေကြပါတယ်။

မော်လတာ သူရဲကောင်းများ အဖွဲ့ ဟာ အင်အား တသောင်း ကျော် ရှိပြီး ဝန်ထမ်း တသိန်းနဲ့ လည်ပတ်နေတာပါ။

ဒီအဖွဲ့က ကမ္ဘာ တဝှမ်းက ဆေးရုံတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေတာ ဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ ကိုင်ပိုင် နိုင်ငံကူး လက်မှတ်၊ တံဆိပ်ခေါင်းနဲ့ ကားလိုင်စင် နံပါတ်တွေ ထုတ်ပေး နိုင်တဲ့ အပြင် ဗာတီကန် အပါအဝင် နိုင်ငံ တရာကျော်နဲ့ သံတမန် အဆက်အဆံလည်း ရှိပါတယ်။