ကမ္ဘာ့ဘဏ် ချေးငွေ စီမံကိန်းတွေကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်

  • 27 ဇန်နဝါရီ 2017
Image caption ရုပ်ကြွင်းလောင်စာ ကနေသာ စွမ်းအင် ထုတ်ရေးကို တွန်းအား ပေး

ကမ္ဘာ့ဘဏ် ချေးငွေနဲ့ လုပ်ဆောင် ကြမယ့် ဒေါ်လာ သန်းထောင်ပေါင်း များစွာ တန်တဲ့ စီမံကိန်းတွေဟာ ရုပ်ကြွင်းလောင်စာ ကနေသာ စွမ်းအင် ထုတ်လုပ်ရေးကို ပိုပြီး တွန်းအား ပေးနေတယ် ဆိုပြီး အစီရင်ခံစာ ထွက်လာပါတယ်။

သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ စွမ်းအင်တွေ ထုတ်လုပ်မယ့် အစား ကျောက်မီးသွေး၊ သဘာဝ ဓာတ်ငွေ့နဲ့ ရေနံတို့ ကနေသာ စွမ်းအင် ထုတ်မယ့် စီမံကိန်း တွေကို ကမ္ဘာ့ဘဏ် ချေးငွေနဲ့ တည်ဆောက် နေကြတယ် ဆိုပြီး Bank Information Center (BIC) အဖွဲ့က ထောက်ပြ ထားပါတယ်။

အင်ဒိုနီးရှား၊ ပီရူး၊ အီဂျစ်နဲ့ မိုဇမ်းဘစ် နိုင်ငံတွေမှာ ကမ္ဘာ့ဘဏ်ရဲ့ အကူအညီနဲ့ လုပ်ဆောင် နေတဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာ မူဝါဒ DPF တွေ အပေါ် BIC အဖွဲ့က လေ့လာ သုံးသပ် ထားတာ ဖြစ်ပါတယ်။

DPF စီမံကိန်း တွေဟာ ကမ္ဘာဘဏ် အဓိက ပြုလုပ် နေတဲ့ အကူအညီပေးရေး စီမံကိန်း တွေ ဖြစ်ပြီး၊ ၂ဝ၁၆ မှာ ဆိုရင် ကမ္ဘာ့ဘဏ် ထောက်ပံ့ ငွေ အားလုံးရဲ့ သုံးပုံ တစ်ပုံကျော်၊ အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ ကျော်ကို DPF စီမံကိန်း တွေမှာ သုံးစွဲ ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ