အမေရိကန် လေဆိပ်မှာ ဒုက္ခသည် တချို့ ဖမ်းဆီး ခံရ

  • 29 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption သမ္မတ ညွှန်ကြားချက် ကြောင့် ဒုက္ခသည် တွေ ဖမ်းဆီး ခံရ

ဂျွန် အက်ဖ် ကနေဒီ လေဆိပ်မှာ အမေရိကန် နိုင်ငံထဲကို ဝင်ရောက်ဖို့ စောင့်ဆိုင်း နေကြတဲ့ ဒုက္ခသည် အချို့ ဟာ သမ္မတ ထရမ့် ရဲ့ လူဝင်မှုကြီးကြပ်မှု တင်းကျပ်ဖို့ ထုတ်ပြန်တဲ့ အမိန် ကြောင့် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရပါတယ်။

လေဆိပ် ပြင်ဘက်မှာလည်း ထောင်နဲ့ချီတဲ့ လူတွေက ဒုက္ခသည် တွေကို လွှတ်ပေးဖို့ တောင်းဆို ဆန္ဒပြနေကြပါတယ်။

အမေရိကန် နိုင်ငံတွင်းမှာ ဒုက္ခသည် လက်ခံမှု အစီအစဉ် ကို လေးလ ကြာ ဆိုင်းငံ ဖို့ သမ္မတ ထရမ့် က ညွှန်ကြားချက် ထုတ်ပြန်ခဲ့တဲ့ သမ္မတ ကို လူ့အခွင့်အရေး အဖွဲ့တွေက တရားစွဲ ဆို ထားပါတယ်။

ဒါဟာ အခြေခံ ဥပဒေနဲ့ မညီညွှတ်တဲ့ သမ္မတ ညွှန်ကြားချက် ဖြစ်ပြီး ဒါကို ချေဖျက်ဖို့ ကျနော်တို့ ကြိုးစားပါ့မယ်လို့ လူ့အခွင့်အရေး လိုက်ပါ ဆောင်ရွက် ပေးနေတဲ့ ရှေ့နေ တစ်ဦး က အခုလို ပြောပါတယ်။

အီရန်၊ အီရတ်၊ ဆိုမာလီ၊ ဆီးရီးယား၊ လစ်ဗျား၊ ဆူဒန် နဲ ယီမင် နိုင်ငံသားတွေကို ဗီဇာ ထုတ်ပေးမှု ရပ်ဆိုင်းဆိုင်း ဖို့ ညွှန်ကြား ခဲ့တဲ့ သမ္မတ ရဲ့ အမိန့် ကို တရားရုံး မှာ ပြောင်းလဲ နိုင်ဖို့ လူ့အခွင့် အရေး အဖွဲ့ တွေက ကြိုးပမ်း နေကြပါတယ်။

သမ္မတ ထရမ့် ရဲ့ ဒုက္ခသည် လက်ခံမှု ကို ရပ်ဆိုင်းမယ် ဆိုတဲ့ အမိန့် ကြောင့် နိုင်ငံ အချို့က လေဆိပ်တွေမှာ အမေရိကန် ကို သွားရောက်မဲ့ မွတ်ဆလင် ခရီးသွား တွေကို လေကြောင်းလိုင်း တွေက တားမြစ် ပိတ်ပင် တာတွေလည်း ဖြစ်ပေါ်နေ ပါတယ်။

သမ္မတ အမိန့် နဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံသားတွေ အတွက် အန္တာရယ် တွေ ဖြစ်ပေါ် နိုင်တဲ့ ကမ္ဘာ့ နိုင်ငံ အချို့ က လူတွေ လာရောက် တာကို တားမြစ်တာ လို့ အိမ်ဖြူတော် ပြောရေး ဆိုခွင့် ရှိသူ က ပြောဆို နေပါတယ်။  

အီဂျစ် နိုင်ငံ က လေဆိပ်မှာ အမေရိကန် ကို သွားရောက်မဲ့ ခရီးသည် အချို့ဟာ လေယာဉ် ပေါ် တက်ရောက်ခွင့် မရဘဲ လေကြောင်း လိုင်း တာဝန်ရှိသူတွေ ရဲ့ တားမြစ်ခြင်း ကို ခံခဲ့ရပါတယ်။

အီရန် နိုင်ငံ နဲ့ ယီမင် နိုင်ငံ က အမေရိကန် ဗီဇာ ရရှိ ထားတဲ့ ခရီးသွား ခြောက် ယောက်ကို လေယာဉ် ပေါ် တက်ခွင့် မပေးဘဲ တာဝန် ရှိသူ တွေက တားမြစ် ခဲ့ကြတာ ဖြစ်ပါတယ်။

အစောပိုင်း ကာလတွေမှာ Google ကုမ္ပဏီ က နိုင်ငံ ပြင်ပ ကို သွားရောက် နေကြတဲ့ သူ့ ရဲ့ ဝန်ထမ်း တွေကို အမေရိကန် ကို အမြန်ဆုံး ပြန်လာ ဖို့ ညွှန်ကြား ခဲ့ပါတယ်။

ဒေါ်နယ် ထရမ့် ရဲ့ ဒုက္ခသည် လက်ခံတာ ကို ရပ်ဆိုင်းမှု ပြီးတော့ မွတ်ဆလင် နိုင်ငံ ၆ နိုင်ငံ ကို ဗီဇာ ထုတ်ပေးမှု ဆိုင်းငံ့ ခဲ့တာတွေကြောင့် Google ဝန်ထမ်း အတော်များများ မှာ သက်ရောက် မှုတွေ ရှိနိုင်ကြောင်း ကုမ္ပဏီ တာဝန် ရှိသူ တွေက ပြောကြား နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ