ပျောက်နေတဲ့ သင်္ဘောက လူ၂၅ယောက်ပြန်တွေ့

  • 29 ဇန်နဝါရီ 2017
Image caption မိသားစုဝင်တွေ စိုးရိမ်တကြီး စောင့်နေ

မလေးရှားနိုင်ငံ ဘိုနီယိုကျွန်း ကမ်းရိုးတန်း အလွန်မှာ လူ ၃၁ ယောက် လိုက်ပါ လာတဲ့ သင်္ဘောငယ် တစ်စင်း ပျောက်ဆုံး သွားရာမှာ ရှာဖွေ ကယ်ဆယ်ရေးတွေ အသည်းအသန် ပြုလုပ် နေကြပါတယ်။

နောက်ဆုံး ဝင်လာတဲ့ သတင်းတွေ အရ လူ ၂၅ ယောက်ကို အသက်ရှင်လျက် တွေ့ထား တယ်လို့ ဆိုပါတယ်။

ရာသီဥတု ဆိုးရွား နေလို့ ရှာဖွေရေး လုပ်ငန်း ထိခိုက် နေတဲ့ ကြားထဲက စတုရန်း မိုင် ၅ဝ၀ အထိ ကာမိနိုင်ဖို့ ဝေဟင်နဲ့ ရေပြင် ရှာဖွေရေး တွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။

သင်္ဘာပေါ် ပါလာသူ အများစုဟာ တရုတ် နိုင်ငံသား ခရီးသည်တွေ ဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွားတွေကြား နာမည်ကြီးတဲ့ ဘိုနီယို ကျွန်းဆီ အလည်အပတ် ထွက်လာကြသူတွေ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ