ကနေဒါမှာ ဗလီဝတ်ကျောင်း အတိုက်အခိုက် ခံရ

  • 30 ဇန်နဝါရီ 2017
Image caption သံသယ ရှိရသူ နှစ်ယောက်ကို ဖမ်းဆီးထား။

ကနေဒါ နိုင်ငံ၊ ကွေဘက် မြို့မှာ ရှိတဲ့ အစ္စလာမ် ဘာသာရေး ဗလီ ဝတ်ကျောင်း တစ်လုံးမှာ ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ အတွက် လူ ၆ ယောက် သေဆုံး သွားပြီး ၈ ယောက် ဒဏ်ရာ ရ သွားပါတယ်။

ညနေခင်း ဝတ်ပြုဖို့ အတွက် အစ္စလာမ် ဘာသာဝင် အယောက် ၅ဝ ကျော် စုဝေးနေချိန်မှာ ပစ်ခတ်ခဲ့ တာပါ။

ကျူးလွန်သူလို့ သံသယ ရှိရသူ တစ်ဦးကို အခင်းဖြစ်ရာ နေရာ မှာ ဖမ်းဆီး မိခဲ့သလို နောက်တစ်ယောက် ကိုလည်း အနီးနား နေရာ တစ်ခုမှာ ဖမ်းဆီး နိုင်ခဲ့ပါတယ်။

အခု တိုက်ခိုက်မှုကို အကြမ်းဖက် ဝါဒ အခြေခံ လုပ်ရပ် အဖြစ် ကနေဒါ အာဏာပိုင် တွေက သဘောထား ကိုင်တွယ် နေပါတယ်။

မွတ်ဆလင်တို့ ဝတ်ပြုရာ နေရာကို တိုက်ခိုက်တဲ့ အကြမ်းဖက်လုပ်ရပ် အပေါ် အပြင်းအထန် ရှုတ်ချတယ်လို့ ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ