ဝေးလံတဲ့ အာကာသ နေရာတွေ အထိ တရုတ် သွားမယ်

  • 30 ဇန်နဝါရီ 2017
Image caption ခရီးရှည် ချီတက်မှု ဒုံးပျံ

တရုတ် နိုင်ငံ အနေနဲ့ လာမယ့် နှစ် အနည်းငယ် အတွင်းမှာပဲ အင်မတန် ဝေးလံတဲ့ အာကာသ အရပ်တွေဆီ သွားရောက်ဖို့ ရည်မှန်းထားတဲ့ သူတို့ရဲ့ အစီအစဉ်တွေကို ထုတ်ပြန် လာပါတယ်။

၂ဝ၂ဝ အမီ စေလွှတ်မယ့် လူမဲ့ ယာဉ်ငယ် တစ်စင်း အပါအဝင်၊ အင်္ဂါဂြိုဟ်ကို စုစုပေါင်း စမ်းသပ်ယာဉ် နှစ်စင်း စေလွှတ်ဖို့ တရုတ်က ရည်ရွယ် ထားပါတယ်။

ဒါ့အပြင် ကြာသပတေး ဂြိုဟ် အနီးထိ တရုတ် အာကာသယာဉ် ချဉ်းကပ် ပျံသန်းဖို့လည်း ရည်ရွယ် ထားပါတယ်။

တရုတ် အစိုးရ အနေနဲ့ အာကာသ စူးစမ်း လေ့လာရေးမှာ ငွေတွေ ပုံအော သုံးစွဲပြီး အကြီးအကျယ် ရင်းနှီး မြှုပ်နှံ နေပါတယ်။

တရုတ် အာကာသ စခန်း တည်ဆောက်ဖို့နဲ့ လ မျက်နှာပြင်ပေါ် တရုတ် အာကာသ ယာဉ်မှုး ဆင်းသက်ဖို့ စီမံကိန်းတွေကို ဘေဂျင်း အစိုးရ အနေနဲ့ အစောပိုင်း ကတည်းက ကြေညာ ထားပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ