ဘနွား အာမွန်း ပြင်သစ် ဆိုရှယ်လစ် ပါတီ သမ္မတလောင်း ဖြစ်လာ

  • 30 ဇန်နဝါရီ 2017
Image caption အခိုင်အမာ လက်ဝဲ နိုင်ငံရေး သမား ဘနွား အာမွန်း

ပြင်သစ်နိုင်ငံမှာ ဇန်နဝါရီ ၂၉ ရက် တနင်္ဂနွေ နေ့က ထပ်မံ ကျင်းပခဲ့တဲ့ ဆိုရှယ်လစ် ပါတီတွင်း သမ္မတလောင်း ရွေးပွဲမှာ ပညာရေး ဝန်ကြီးဟောင်း ဘနွား အာမွန်း Benoit Hamon က အနိုင်ရ သွားပါတယ်။

ကိုယ်စားလှယ်လောင်း နှစ်ယောက်ပဲ ကျန်ပြီး ထိပ်တိုက် ပြိုင်ရတဲ့ run-off အဆင့်မှာ

အခိုင်အမာ လက်ဝဲ နိုင်ငံရေး အယူအဆ ရှိတဲ့ ဘနွား အာမွန်းဟာ သူ့ရဲ့ ပြိုင်ဘက် ဝန်ကြီးချုပ် ဟောင်း မဲန်ညဲလ် ဗားစ် Manuel Valls ကို သက်တောင့်သက်သာ နဲ့ပဲ အနိုင်ရခဲ့ပြီး မဲရလဒ် အဆုံးသတ် ရေတွက် မပြီးခင်မှာပဲ မဲန်ညဲလ် ဗားစ် က သူရှုံးနိမ့်ကြောင်း ဝန်ခံ ခဲ့ပါတယ်။

မဲစုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်း ရေတွက်အပြီးမှာ မစ္စတာ မဲန်ညဲလ် ဗားစ်က ၄၁ ရာခိုင်နှုန်း ရခဲ့ပြီး မစ္စတာ ဘနွား အာမွန်းက ထောက်ခံမဲ ၅၈ ရာခိုင်နှုန်း ရထား ခဲ့ပါတယ်။

မစ္စတာ ဗားစ်ဟာ ဝန်ကြီးချုပ် ဘဝတုန်းက ပြင်သစ်နိုင်ငံရဲ့ အလုပ်သမား ဥပဒေတွေကို အစွန်းမရောက် လွတ်လပ် မျှတအောင် ရွေးချယ်ခွင့် ရှိအောင် ကူညီ ဆောင်ရွက်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ