ဂျပန်မှာ အလုပ်ပိသေသူကို လျော်ကြေးပေး

  • 31 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဂျပန် လုပ်သား ငါးပုံ တပုံ အသက်သေဆုံးနိုင်တဲ့ အန္တရာယ် ရှိ

ဂျပန် နိုင်ငံ မှာ အလွန် အကျွံ အလုပ် လုပ်ရလို့ သေဆုံးခဲ့ရတဲ့ ဒိုးနတ်ဆိုင် မန်နေဂျာရဲ့ မိသားစုကို ထိခိုက် နစ်နာကြေး ဒေါ်လာ လေးသိန်း ပေးဖို့ ဂျပန် တရားရုံးတစ်ခုက ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီ အမျိုးသားက တချိန်တည်းမှာ Mister Donut ဆိုင် နှစ်ဆိုင်ကို စီမံ ခန့်ခွဲ ရတဲ့ အတွက် တလကို အချိန်ပို နာရီ တရာကျော် ပိုလုပ်ခဲ့ရတဲ့ အတွက် ရလာတဲ့ စိတ်ဖိစီးမှုတွေ ကြောင့် သေဆုံးရတာလို့ တရားရုံးက တွေ့ရှိပါတယ်။

အလုပ်ရှင် ကုမ္ပဏီကတော့ အဲဒီလူဟာ အဝလွန် နေသူ တစ်ယောက် ဖြစ်ကြောင်းနဲ့ အလုပ်ချိန် အကြာကြီး လုပ်ဖို့ တွန်းအားပေးခဲ့တာ မရှိဘူးလို့ ပြောပါတယ်။

မကြာသေးခင်က အစိုးရ ထုတ်ပြန်ချက်မှာအလွန်အမင်း အလုပ်ချိန် အ ကြာကြီး လုပ်ကြရတဲ့ အတွက် ဂျပန်က လုပ်သား အင်အား ငါးပုံ တပုံဟာ အသက်သေဆုံးနိုင်တဲ့ အန္တရာယ် ရှိကြောင်း တွေ့ရှိရပြီး အလုပ်ချိန် လျှော့ဖို့နဲ့ အားလပ်ရက် ပိုပေးယူဖို့ အလုပ်သမားတွေကို အစိုးရက တိုက်တွန်း ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ