ဖိလစ်ပိုင်မူးယစ်တိုက်ဖျက်မှု တပ်ပါဖို့ တောင်းဆို

  • 1 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် ROLEX DELA PENA
Image caption မူးယစ်နှိမ်နင်းရေးမှာ သတ်ဖြတ်ခံရသူတွေအတွက် တောင်းဆို

ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီးက မူးယစ်ဆေးဝါး တိုက်ဖျက်မှု စစ်ပွဲမှာ တပ်မတော် ပါဝင်ဖို့ တရားဝင် အမိန့် ထုတ်ပြန်ပါလို့ သမ္မတ ဒူတာတေးကို တောင်းဆိုလိုက်ပါတယ်။

အင်္ဂါနေ့က စစ်ဗိုလ်ချုပ်ကြီးတွေကို မိန့်ခွန်း ပြောခဲ့ရာမှာ ဒီကိစ္စကို အကြံပြုခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ဒူတာတေးက ဖိလစ်ပိုင် ရဲတပ်ဖွဲ့ကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲကနေ ဖယ်ထုတ်ပြီး နောက် စစ်တပ်ရဲ့ အထောက်အကူ ရဖို့ ကြိုးပမ်းကောင်း ကြိုးပမ်း မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့မှာ ၄၀ ရာခိုင်နှုန်းက အဂတိ လိုက်စားမှု ရှိတယ်လို့ သမ္မတ ဒူတာတေးက ခန့်မှန်း ပါတယ်။

ဒီရဲအရာရှိဆိုးတွေကို ဖမ်းချုပ်ဖို့လည်း တပ်ကို ဒူတာတေးက ပန်ကြား ထားပါတယ်။

တောင်ကိုရီးယား စီးပွားရေး သမားတယောက်ကို လာဘ်စားတဲ့ မူးယစ်နှိမ်နင်းရေး ရဲတပ်စုတစု က သတ်ဖြတ်ခဲ့ပြီးနောက် တနင်္လာနေ့က စပြီး မူးယစ် တိုက်ဖျက်ရေး စီမံကိန်းကို ရပ်ဆိုင်း ထားခဲ့တာ ဖြစ်ပါတယ်။

မနှစ် ဇွန်လကုန်က သမ္မတ ဒူတာတေး အာဏာရလာပြီးနောက် ရဲရဲ့ မူးယစ် နှိမ်နင်းရေးမှာ လူ ၂၅ဝဝ လောက် သတ်ဖြတ်ခံရတယ်လို့ ရေးသားနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ