အကြမ်းဖက် သံသယ ရှိသူကို လုဗ်ပြတိုက် လုံခြုံရေး ပစ်ခတ်

  • 3 ဖေဖော်ဝါရီ 2017
Image caption လုဗ် ပြတိုက်ရဲ့ မြေအောက်ခန်း အရောင်းဆိုင်ထဲ ဝင်ရောက်ဖို့ ကြိုးစား ခဲ့

ပြင်သစ် နိုင်ငံ မြို့တော် ပဲရစ်မှာ ရှိတဲ့ ကမ္ဘာ့ နာမည်ကျော် ပြတိုက် လုဗ် မှာ အကြမ်းဖက် တိုက်ခိုက်မယ့်သူလို့ သံသယ ရှိရသူ တစ်ယောက်ကို တာဝန်ကျ စစ်သား အစောင့်က ပစ်ခတ် ခဲ့ပါတယ်။

"ဘုရားသခင်ဟာ ကြီးကျယ် မြင့်မြတ်တယ်" ဆိုပြီး အဓိပ္ပာယ် ရတဲ့ အစ္စလာမ် ဘာသာရေးလာ စာသားကို အာရပ်ဘာသာ စကားနဲ့ ကြွေးကြော်ပြီး အစောင့် စစ်သားကို ဓားနဲ့ တိုက်ခိုက်ဖို့ ကြိုးစား လာသူကို အဲဒီ စစ်သားက တုံ့ပြန် ပစ်ခတ် ခဲ့တာလို့ ကနဦး သတင်းတွေက ဆိုပါတယ်။

အဲဒီ သံသယ ရှိရသူဟာ လုဗ် ပြတိုက်ရဲ့ မြေအောက်ခန်း အရောင်းဆိုင်ထဲ ဝင်ရောက်ဖို့ ကြိုးစား ခဲ့တာ ဖြစ်ပြီး အစောင့် စစ်သားရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာ အပြင်းအထန် ရသွားတယ် လို့ ဆိုပါတယ်။

အခုဆိုရင် ပဲရစ် မြို့တော်မှာ လုံခြုံရေးတွေ အထူး တင်းကြပ် နေပြီး အခြေအနေဟာ စိုးရိမ်ဖွယ် အလေးထား ကိုင်တွယ်ရမှာ ဖြစ်တယ်လို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။

လုဗ်ပြတိုက်ထဲ ရောက်ရှိ နေတဲ့ အများ ပြည်သူကို ဘေးကင်း လုံခြုံရာဆီ ရွှေ့ပြောင်း ပို့ဆောင် ပေးခဲ့တယ် လို့လည်း သိရပါတယ်။

အဲဒီ အဖြစ်အပျက်နဲ့ ပတ်သက်တဲ့ သတင်းတွေ ဆက်လက် ထွက်ပေါ် လာနေဆဲ ဖြစ်ပြီး ဓားသမား ပေါ်မှာ ဖောက်ခွဲရေး ပစ္စည်းတွေတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ