ယူကရိန်း အရှေ့ဘက် တိုက်ပွဲတွေ ပြန်လည် ပေါ်ပေါက်

  • 3 ဖေဖော်ဝါရီ 2017
Image caption ၂ နှစ် အတွင်း တိုက်ခိုက်မှုတွေ အဆိုးရွားဆုံး ပြန်လည် ဖြစ်ပေါ်

ယူကရိန်း အရှေ့ဘက်ခြမ်း မြို့ အက်ဗ်ဒီယစ်ဗ်ကား မှာ ဖေဖေါ်ဝါရီ ၂ ရက်၊ ကြာသပတေးည တုန်းက လက်နက်ကြီး ကျည်တွေ ကျရောက် ခဲ့တာဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်တယ်လို့ အစိုးရနဲ့ သူပုန်တွေ အပြန်အလှန် ပြစ်တင် စွပ်စွဲ နေကြပါတယ်။

ယူကရိန်း အရှေ့ဘက်ခြမ်း နယ်ထဲ ၂ နှစ် အတွင်း တိုက်ခိုက်မှုတွေ အဆိုးရွားဆုံး ပြန်လည် ဖြစ်ပေါ် လာခဲ့ပါတယ်။

အက်ဗ်ဒီယစ်ဗ်ကား မြို့မှာ ရှိတဲ့ စာသင်ကျောင်းတွေနဲ့ အားကစားကွင်းကို ပစ်မှတ် ထားပြီး ရုရှားက ကျောထောက် နောက်ခံ ပြုပေးနေတဲ့ သူပုန်တွေ တိုက်ခိုက် ခဲ့ကြတယ်လို့ ဒွန်ညက်စ် ဒေသ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။

တခါ၊ သူပုန်တွေ ဘက်ကလည်း အစိုးရရဲ့ လက်နက်ကြီး ကျည်တွေကြောင့် အရပ်သား နှစ်ယောက် သေဆုံး ခဲ့ရတယ်လို့ ဆိုပါတယ်။

အက်ဗ်ဒီယစ်ဗ်ကား မြို့ခံတွေဟာ ယာယီ ရွေ့လျား ထောက်ပံ့ရေး စခန်းတွေကနေ အစား အသောက်တွေ သွားရောက် ယူကြတာတွေ၊ သူတို့ရဲ့ မိုဘိုင်း လက်ကိုင်ဖုန်းတွေကို ဘက်ထရီ အားဖြည့် နေတာတွေကို ဓာတ်ပုံတွေထဲ တွေ့နေ ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ