မော်လ်တာမှာ အီးယူအဖွဲ့ ထိပ်သီး ဆွေးနွေးပွဲ ကျင်းပ

  • 3 ဖေဖော်ဝါရီ 2017
Image caption လစ်ဗျား ကမ်းစောင့်တပ်ကို အကူအညီ ပေးရေး ဆွေးနွေးမယ်။

ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေ မော်လ်တာမှာ တွေ့ဆုံပြီး ထိပ်သီး ဆွေးနွေးပွဲ ပြုလုပ် နေပါတယ်။

အရှေ့အလယ်ပိုင်း ဒေသနဲ့ အာဖရိက လာတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူ လူစီးကြောင်းကို တန့်သွားအောင် ဘယ်လို ကိုင်တွယ် ကြမလဲ ဆိုတာကို အာရုံစိုက် ဆွေးနွေး နေကြတာ ဖြစ်ပါတယ်။

လူမှောင်ခိုတွေ အသုံးပြုနေတဲ့ ရေလမ်းကြောင်းကို လုံးဝ ပိတ်ချ ဖြတ်တောက် နိုင်ဖို့ အတွက် လစ်ဗျား ကမ်းစောင့်တပ်ကို အကူအညီ ပေးရေး အစီအစဉ်ကို ထည့်သွင်း ဆွေးနွေး ကြဖို့ ရှိနေပါတယ်။

ဒါ့အပြင် အီးယူထဲကနေ ဗြိတိန် နှုတ်ထွက်တဲ့ Brexit လုပ်ငန်းစဉ် အလွန် ရှေ့လာမယ့် အနာဂတ်ရေး အခြေအနေ တွေ အပါအဝင် အီးယူ အဖွဲ့အပေါ် အလေးမထားတဲ့ပုံ ပြသနေတဲ့ အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့်နဲ့ကြား ဆက်ဆံရေး တို့ကိုလည်း ထည့်သွင်း ဆွေးနွေး လာလိမ့်မယ်လို့ မျှော်လင့် ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ