အမေရိကန် ကာကွယ်ရေး ဝန်ကြီးသစ်က တောင်ကိုရီးယားမှာ ရောက်ရှိနေ

  • 3 ဖေဖော်ဝါရီ 2017
Image caption ဂျိမ်း မက်တစ်ရဲ့ ပထမဆုံး နိုင်ငံခြား ခရီးစဉ်

အမေရိကန် အနေနဲ့ မဟာမိတ် အဖြစ် တောက်လျှောက် အသိအမှတ်ပြု ရပ်တည် ပေးခဲ့တဲ့ တောင်ကိုရီးယား အပေါ် ဆက်လက်ပြီး ထောက်ခံ အားပေးမှုတွေ ပြုလုပ် သွားမယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဂျိမ်း မက်တစ်က အာမခံ ပြောကြား လိုက်ပါတယ်။

မြောက်ကိုရီးယား ရဲ့ ခြိမ်းခြောက်မှု ရန်ကို တုံ့ပြန်ဖို့ တောင်ကိုရီးယားမှာ အမေရိကန်ရဲ့ ဒုံးကျည် ကာကွယ်ရေး စံနစ် တည်ဆောက် ပေးသွားမယ် ဆိုတဲ့ ရှိထား လက်စ သဘောတူမှု အပေါ် ထရမ့် အစိုးရသစ် အနေနဲ့ လိုက်နာ အကောင်အထည် ဖော်သွားမယ် လို့လည်း မစ္စတာ မက်တစ်က ဆိုပါတယ်။

ဂျိမ်း မက်တစ်ဟာ ကာကွယ်ရေး ဝန်ကြီး အဖြစ် ခန့်အပ် ခံခဲ့ရတဲ့နောက် သူ့ရဲ့ ပထမဆုံး နိုင်ငံခြား ခရီးစဉ် အဖြစ် တောင်ကိုရီးယားကို ရောက်ရှိ နေပါတယ်။

မြောက်ကိုရီးယား ဘက်က နျူကလီယာ လက်နက်တွေ အသုံးပြုဖို့ ရွေးချယ် လာမယ် ဆိုရင် အပြင်းအထန် လက်တုံ့ ပြန်မယ် ဆိုပြီး တော့လည်း ပြုံယမ်း အစိုးရကို ဝန်ကြီး မက်တစ်က သတိပေး ပါတယ်။

သမ္မတ ထရမ့်ရဲ့ မဲဆွယ် ကာလတွေ အတွင်း တုန်းကတော့ တောင်ကိုရီးယားနဲ့ ဂျပန် တို့ဟာ သူတို့ နိုင်ငံ တွေရဲ့ ကာကွယ်ရေးကို ကိုယ်တိုင် ပိုပြီး လုပ်ဆောင် မလာရင် အဲဒီ နိုင်ငံတွေထဲ နေရာ ချထားတဲ့ အမေရိကန် တပ်တွေကို ရုပ်သိမ်း ပစ်မယ် ဆိုပြီး ထရမ့်က ခြိမ်းခြောက် ထားဖူး ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ