တရုတ်ပြည်က လူ ၅ဝဝ ကျော်ပါတဲ့ မိသားစုဓာတ်ပုံ

  • 8 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Zhang Liangzong

တရုတ်ပြည်မှာ မိသားစု တစု က လူ ၅ဝဝ ကျော် ပါတဲ့ မိသားစု ဓာတ်ပုံရိုက်ဖို့ စုဝေးခဲ့ကြပါတယ်။

နိုင်ငံ အရှေ့ပိုင်း ဂျက်ဂျီယန်း ပြည်နယ် ရှီရှဲ ကျေးရွာက ရန် မိသားစုရဲ့ နှစ်သစ်ကူး ပြန်ဆုံတဲ့ ပွဲမှာ ဒီလို ဓာတ်ပုံ ရိုက်ကြတာပါ။

ကျောက်တောင်ကြီး တခု နားမှာ ဒီဓာတ်ပုံတွေ ရိုက်ဖို့ မောင်းသူမဲ့ ယာဉ်ပျံကို သုံးခဲ့ရပါတယ်။

ဒီမိသားစုဟာ အဲဒီ ကျေးရွာမှာ နေလာကြတာ အနှစ် ၈၅ဝ ကျော် နေပြီး ခုထိလည်း ဆွေ ၇ ဆက် မျိုး ၇ ဆက်နဲ့ ဆွေမျိုး အင်အား ၂ဝဝဝ လောက် ရှိနေပြီလို့ ဆိုပါတယ်။

ဒါကြောင့် သူတို့ မိသားစု ပြန်ဆုံတဲ့ပွဲမှာ လူ ၅ဝဝ ကျော် တက်ပြီး ဓာတ်ပုံရိုက်ခဲ့ကြတာပါ။

ဒီမိသားစုတွေက ဘေဂျင်း၊ ရှန်ဟိုင်း၊ စင်းကျန်းနဲ့ ထိုင်ဝမ် ကနေ ရောက်လာကြတာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံမှာ မိသားစုကြီးတွေ ရှိကြတာ များပေမယ့် ဒီ ရန် မိသားစုက လူ ၅ဝဝ စုဝေး ရိုက်ကူးခဲ့ပြီးနောက် မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

ဒီလူတွေ တယောက်နဲ့ တယောက်ကော သိကြရဲ့လားလို့လည်း ခေါင်းစီးတွေ တပ်ကြပါတယ်။

ဒီမိသားစု မှာ လူကြီးတွေက နှစ်ကူး မုန့်ဖိုးပေးရရင် မလောက်လို့ ငိုရမှာပဲ၊ အငယ်ဆုံး ကလေးကတော့ မုန့်ဖိုး ယူရလွန်းလို့ လက်အံသေ လိမ့်မယ်လို့လည်း လူမှု ကွန်ယက်တွေမှာ ဟာသထုတ်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ