မက်ဒေါနား အမြွှာကလေး နှစ်ယောက်ကို ထပ်မွေးစား

  • 9 ဖေဖော်ဝါရီ 2017
Image caption မာလာဝီ နိုင်ငံသူ အမြွှာကလေးနှစ်ယောက်နဲ့ မက်ဒေါနား

ပေါ့ အဆိုတော် မက်ဒေါနားဟာ မာလာဝီ နိုင်ငံက အမြွှာ ညီအမ ကလေး နှစ်ယောက်ကို မွေးစားလိုက်ကြောင်း သူ့ရဲ့ အင်စတာဂရမ်မှာ ဓါတ်ပုံတင်ပြီး လူထုကို အသိပေးခဲ့ပါတယ်။

အခု အခါ ကလေးမွေးစားဖို့ စာရွက်စာတမ်း ကိစ္စတွေ ၊ လုပ်ထုံးလုပ်နည်း ကိစ္စတွေ ပြီးဆုံးသွားခဲ့ပြီး သူ့မိသားစု အတွင်းမှာ အခုလို ကလေးတွေ ထပ်တိုးလာတဲ့ အတွက် ၀မ်းသာတယ်လို့ ဖော်ပြထားပါတယ်။

အခုလို မွေးစားဖို့ ကိစ္စကို လိုက်ပါ ဆောင်ရွက်ပေးတဲ့ မာလာဝီ အကူအညီပေးတဲ့သူတွေ အားလုံးကို အလေးအနက်ထား ကျေးဇူးတင်တယ်လို့ သူက ရေးသားထားပါတယ်။

မာလာဝီ တရားရုံး တခုက မက်ဒေါနားကို ပြီးခဲ့တဲ့ အဂါနေ့က ဒီအမြွှာကလေး နှစ်ယောက် မွေးစားနိုင်ဖို့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ သူဟာ အာဖရိက တိုင်းပြည်တွေက ကလေးနှစ်ယောက် ဖြစ်တဲ့ ဒေးဗစ်နဲ့ မာစီ တို့ကို မွေးစား ထားခဲ့ပြီး ဒေးဗစ်ကိုတော့ ၂၀၀၆ ခုနှစ်မှာ မွေးစားခဲ့တာ ဖြစ်သလို မာစီ ကိုတော့ ၂၀၀၉ မှာ မွေးစားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ