ဂျကာတာ မှာ မွတ်ဆလင် မြို့ဝန် လောင်းကိုပဲ ရွေးဖို့ ဆန္ဒ ပြ

  • 11 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption မစ္စတာ ပူနားမားကို မွတ်ဆလင် အစွန်းရောက်တွေက ဖြုတ်ချဖို့ ကြိုးစားနေတာ ဖြစ်ပြီး အင်ဒိုနီးရှားမှာ ဘာသာမတူသူ သည်းမခံမှုတွေ မြင့်တက်လာတယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်နေ

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတော့မယ့် ဂျာကာတာ မြို့တော်ဝန် ရွေးကောက်ပွဲမှာ မွတ်ဆလင် ကိုယ်စားလှယ်လောင်းကိုပဲ မဲပေးကြဖို့ လူသောင်းချီ ဆန္ဒပြမှုတွေ ရှိနေပါတယ်။

လက်ရှိ မြို့တော်ဝန် မစ္စတာ ဘဆူကီ ပူနားမားဟာ တရုတ် ခရစ်ယာန် တယောက်ဖြစ်ပြီး လောလောဆယ် အစ္စလာမ်ဘာသာရဲ့ ကိုရမ်ကျမ်းစာကို စော်ကားမှုနဲ့ အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

သူဟာ အခုလို အမှုရင်ဆိုင်နေရပေမယ့် ဒီရွေးကောက်ပွဲကို ဝင်ပြိုင်မှာ ဖြစ်ပြီး အနိုင်ရဖို့လည်း မျှော်မှန်းနေတာ ဖြစ်ပါတယ်။

လာမယ့် ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်မယ့် မြို့ဝန် ရွေးကောက်ပွဲမှာ မစ္စတာ ပူနားမားဟာ မူဆလင် ကိုယ်စားလှယ်လောင်း ၂ ယောက်နဲ့ ပြိုင်ရမှာ ဖြစ်ပါတယ်။

မစ္စတာ ပူနားမားကို မွတ်ဆလင် အစွန်းရောက်တွေက ဖြုတ်ချဖို့ ကြိုးစားနေတာ ဖြစ်ပြီး အင်ဒိုနီးရှားမှာ ဘာသာမတူသူ သည်းမခံမှုတွေ မြင့်တက်လာတယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။

ပုံမှန် အားဖြင့် အင်ဒိုနီးရှားက မွတ်ဆလင်အများစုဟာ ဘာသာရေး အစွန်းမရောက်ကြပဲ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကလည်း မစ္စတာ ပူနားမားကို ဘာသာရေးအရ ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို တန်ပြန်တဲ့ လူထု စုဝေးပွဲတွေမှာလည်း လူတွေ သောင်းချီ တက်ရောက်မှုတွေ ရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ