သောင်တင် ဝေလငါးတွေ ရေနက်ထဲပြန်သွားနိုင်ပြီ

  • 12 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဝေလငါး အကောင် ၃၀ဝ လောက်ကတော့ လုပ်အားပေးသူတွေ ကူညီဖို့ ကြိုးစားတဲ့ကြားက မပြန်နိုင်ပဲ အသက်ဆုံးခဲ့ရ

နယူးဇီလန်နိုင်ငံက ကမ်းခြေတနေရာမှာ သောင်တင် နေခဲ့တဲ့ ဝေလငါး အကောင် ၂၀ဝလောက်ဟာ ပင်လယ်ထဲကို ပြန်ကူးနိုင်သွားပြီ ဖြစ်ပါတယ်။

ဝေလငါးတွေဟာ ရေနက်ပိုင်းမှာပဲ ကျက်စားလေ့ရှိတဲ့အတွက် ရေတိမ်မှာ မပြန်တတ်ပဲ ဒုက္ခရောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီကမ်းခြေကို သူတို့ ဘယ်လို ရောက်လာကြသလိုဆိုတာ မရှင်းသေးပေမယ့် လာတဲ့အထဲက တချို့ အကောင်တွေမှာ ငါးမန်းကိုက်ရာ တွေ့ရတဲ့အတွက် ငါးမန်းရန်ကြောင့် ပြေးလာရင်း ရောက်လာတာလို့ ယူဆမှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့ကထဲက စပြီး ဖဲဝဲ စပစ် ကမ်းခြေကို လာရောက် သောင်တင်မိခဲ့တဲ့ ဝေလငါး အကောင် ၃၀ဝ လောက်ကတော့ လုပ်အားပေးသူတွေ ကူညီဖို့ ကြိုးစားတဲ့ကြားက မပြန်နိုင်ပဲ အသက်ဆုံးခဲ့ရပါတယ်။

ဒီငါးတွေဟာ တကောင် ဒုက္ခရောက်လာရင် ကျန်တဲ့အဖော်တွေကို ဆက်သွယ်ဖို့ ကြိုးစားတဲ့အတွက် သူတို့ အဖော်တွေပါ ဒီရေနဲ့အတူ ပါလာပြီး မပြန်နိုင်တာ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

နယူးဇီလန်နိုင်ငံဟာ ဒီလို ဝေလငါး သောင်တင်မှု အများဆုံး ဖြစ်တဲ့ နိုင်ငံဖြစ်ပြီး သူတို့ဆီကို နှစ်တိုင်း ရောက်လာပြီး မပြန်နိုင်တဲ့ ဝေလငါးနဲ့ လင်းပိုင် ပျမ်းမျှ အကောင်ရေ သုံးရာလောက် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ