အင်ဒိုကျောင်းသားတွေ ဗယ်လင်တိုင်း မနွှဲရ

  • 14 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ချစ်သူများနေ့ကို ဆန္ဒပြ

အင်ဒိုနီးရှား နိုင်ငံ တချို့ ဒေသတွေမှာ အပျော်အပါး လွန်ကျူးမှု ဖြစ်စေတယ် ဆိုပြီး ကျောင်းသားတွေကို ဗယ်လင်တိုင်းနေ့ခေါ် ချစ်သူများနေ့ ဆင်နွှဲခွင့် ပိတ်ပင်ခဲ့ပါတယ်။

မက်ကာဆာ မြို့မှာ ရဲက စတိုးဆိုင်တွေကို ဝင်စီးပြီး ကွန်ဒုံးတွေကို သိမ်းဆည်းခဲ့ပါတယ်။

စျေးဝယ်သူတွေက တိုင်ကြလို့ ကွန်ဒုံးတွေကို သိမ်းရတာလို့ မက်ကာဆာ မြို့တော်ဝန်က ဘီဘီစီကို ပြောပါတယ်။

ဆက်လက် ရောင်းချမှုကိုတော့ ခွင့်ပြုမယ်လို့ သူက ဆိုပါတယ်။

အင်ဒိုနီးရှားရဲ့ ဒုတိယ အကြီးဆုံး ဆူရာဘာယာ မြို့မှာတော့ ချစ်သူများနေ့ဟာ ယဉ်ကျေးမှု နဲ့ လူမှုရေး စံနှုန်းတွေနဲ့ မလျော်ညီလို့ ဆိုပြီး ကျောင်းသား တွေကို မဆင်နွှဲဖို့ အာဏာပိုင်တွေက တားမြစ် ထားပါတယ်။

ဓာတ်ပုံ မူပိုင် NARONG SANGNAK
Image caption ဗယ်လင်တိုင်းနေ့ လက်ထပ်ကြသူတွေ

ထိုင်း နိုင်ငံမှာတော့ ချစ်သူများနေ့မှာ ကလေးများများမွေးဖို့ အမျိုးသမီးတွေကို စစ်အစိုးရက အားပေးနေပါတယ်။

ဒါဟာ မွေးနှုန်းကျနေတာကို ပြန်တက်လာအောင် အားပေးတာလည်း ဖြစ်ပါတယ်။

ဘန်ကောက်က လမ်းတွေပေါ်မှာ အစိုးရ ဝန်ထမ်းတွေက အမျိုးသမီးငယ်တွေကို ကိုယ်ဝန်ဆောင်အောင် အားပေးတဲ့ ဆေးတွေ ဝေနေကြပါတယ်။

ဒါဟာ အင်မတန် စွမ်းတဲ့ ဗီတာမင်ဆေးလုံးတွေလည်း ထိုင်းအစိုးရက ဆိုပါတယ်။

၁၉၇ဝ ကျော်နှစ်တွေတုန်းက ထိုင်းမှာ လင်မယားတစုံမှာ ကလေး ၆ ယောက် ရှိတတ်ပေမယ့် အခုတော့ တယောက်ခွဲလောက်ပဲ ရှိပါတယ်။

လက်ထပ်တဲ့ အသက်အရွယ် နောက်ကျလာတာ၊ ပညာရေး တိုးတက်လာလို့ အမျိုးသမီးတွေ ရွေးချယ်ခွင့် ပိုများလာတာနဲ့ နေထိုင်မှု ပုံစံတွေ ပြောင်းလာတာကြောင့် ထိုင်းမှာ ဒီလို မွေးနှုန်းကျလာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ