သတင်းသမားတွေ အသံလွှင့်နေတုန်း အသတ်ခံရ

  • 15 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် ORLANDO BARRIA
Image caption ဖေ့စ်ဘွတ်ပေါ်က တိုက်ရိုက် ထုတ်လွှင့်နေတုန်း ပစ်သတ်ခံရ

ဒိုမီနီကန် နိုင်ငံမှာ ရေဒီယို သတင်းသမား ၂ ယောက် အသံလွှင့်နေတုန်း သတ်ဖြတ်ခံရပါတယ်။

ဒီအမှုအတွက် လူ ၃ ယောက်ကို ဖမ်းဆီးထားပါတယ်။

သတင်းသမား တယောက်ကတော့ သူ့အစီအစဉ်ကို ဖေ့စ်ဘွတ်ပေါ်က တိုက်ရိုက် ထုတ်လွှင့်နေတုန်း ပစ်သတ်ခံရတာပါ။

အစီအစဉ် လွှင့်နေတုန်း သေနတ်သံတွေ ကြားရပြီး ထိတ်လန့်နေတဲ့ အမျိုးသမီး တယောက်က ပစ်ကုန်ပြီ ပစ်ကုန်ပြီလို့ အော်တာကိုလည်း ကြားရပါတယ်။

ဆန်တို ဒိုမီနီဂို မြို့တော် အရှေ့ဘက်က San Pedro de Macoris မြို့မှာ အင်္ဂါနေ့က ဒီပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ရဲက ဆိုပါတယ်။

သေဆုံးသူ တွေက အစီအစဉ် တင်ဆက်သူ နဲ့ ရေဒီယို ထုတ်လွှင့်သူတွေ ဖြစ်ကြပါတယ်။

အမျိုးသမီး တယောက်လည်း ဒဏ်ရာရခဲ့ပြီး ခွဲစိတ် ကုသနေရပါတယ်။

ဖမ်းဆီးထားသူတွေကို တရားမစွဲရသေးဘူးလို့လည်း ရဲက ဆိုပါတယ်။

၂ဝ၁၅ ကလည်း အမေရိကန်မှာ သတင်းသမား ၂ ယောက် တီဗီ တိုက်ရိုက်လွှင့်နေတုန်း ပစ်သတ်ခံခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ