ထိုင်းဘုန်းကြီးကျောင်း ဓမ္မကာယကို စစ်တပ်က ဝင်ရောက်စီးနင်း

  • 16 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ထိုင်းဘုန်းကြီးကျောင်းကို ဝင်ရောက်စီးနင်းစဉ်

ဘန်ကောက်မြို့ပြင်က ဓမ္မကာယ ဘုန်းကြီးကျောင်းကို ရဲက စီးနင်းပြီး သူတို့ အလိုရှိတဲ့ နာမည်ကြီး ဘုန်းတော်ကြီး တပါးကို ဖမ်းဆီးဖို့ ရှာဖွေခဲ့ ပါတယ်။

ဖရာဓမ္မချာယို အမည်ရှိ အရင် ကျောင်းထိုင်ဘုန်းကြီးကို ရဲက ငွေကြေး ခဝါချမှုနဲ့ ပတ်သက်ပြီး မေးမြန်းစစ် ဆေးချင်တာရှိလို့ ဝင်ရောက်ရှာဖွေခဲ့ တာဖြစ်ပါတယ်။

ဘုန်းတော်ကြီးရဲ့ လက်ထောက်ကတော့ အခုစွပ်စွဲချက်ဟာ နိုင်ငံရေး အကြောင်းနဲ့ စွပ်စွဲတာလို့ ဆိုပါတယ်။

ဘုန်းကြီးကျောင်းကို ရဲနဲ့ စစ်သားတွေက ထောင်နဲ့ချီပြီး ဝိုင်းထားကြတာဖြစ်ပါတယ်။ အခုလည်း စစ်တပ်က ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာလည်း အဲဒီဘုန်းတော်ကြီးကို တွေ့ဆုံမေးမြန်းဖို့ ရဲက အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် တကြိမ်မှ အောင်မြင်မှု မရခဲ့ပါဘူး။