အမေရိကန်က နေတိုးဘက်က ဆက်ရပ်မယ်လို့ပြော

  • 18 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ဂျာမန်ဝန်ကြီးချုပ် မာကယ်ကလည်း မတွေ့ခင်မှာ ဒုက္ခသည်နဲ့ အစ္စလာမ္မစ် အကြမ်းဖက်ဝါဒ အကြပ်အတည်းအပါအဝင် ကမ္ဘာလွှမ်းချုံ ကူးလူးဆက်နွယ်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ လိုတယ်လို့ ပြောဆိုထားခဲ့

အမေရိကန်အစိုးရအနေနဲ့ မြောက်အန္တလန်တိတ် စစ်စာချုပ်မှာ စွဲစွဲမြဲမြဲ ပါဝင်ဦးမှာ ဖြစ်ပေမယ့် ဥရောပဘက်ကလည်း ကာကွယ်ရေး စရိတ်ပိုသုံးသင့်တယ်လို့ အမေရိကန် ဒုသမ္မတက နိုင်ငံတကာ လုံခြုံရေး အစည်းအဝေး တခုမှာ ပြောဆိုလိုက်ပါတယ်။

ရုရှားဟာ ယူကရိန်းအရှေ့ပိုင်းက အပြုအမူတွေနဲ့ ခရိုင်းမီးယားကို ပိုင်နက်ထဲ ထည့်ခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ယူရမယ်လို့လည်း မစ္စတာ မိုက်ခ် ပန့်စ်က ပြောခဲ့ပါတယ်။

ဂျာမနီက မြူးနစ်မြို့မှာ လုပ်တဲ့ ဒီအစည်းအဝေးမှာ မစ္စတာ ပန့်စ်က ဒုသမ္မတ တယောက်အနေနဲ့ ပြည်ပမှာ ပထမဆုံး မိန့်ခွန်းပြောတာဖြစ်ပါတယ်။

ရုရှားဟာ ၂၀၁၅ ငြိမ်းချမ်းရေး သဘောတူညီမှုကို လိုက်နာဖို့ တာဝန်ရှိပြီး အမေရိကန်ဘက်ကလည်း နှစ်ဖက်လုံး သဘောညီနိုင်တဲ့ ကိစ္စတွေ ရှာဖွေ လုပ်ဆောင်သွားမယ်လို့ သူက ပြောပါတယ်။

မစ္စတာ ပန့်စ်နဲ့ တွေ့ဆုံဆွေးနွေးမယ့် ဂျာမန်ဝန်ကြီးချုပ် မာကယ်ကလည်း မတွေ့ခင်မှာ ဒုက္ခသည်နဲ့ အစ္စလာမ္မစ် အကြမ်းဖက်ဝါဒ အကျပ်အတည်းအပါအဝင် ကမ္ဘာလွှမ်းခြုံ ကူးလူးဆက်နွယ်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ လိုတယ်လို့ ပြောဆိုထားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ