တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် တောင်းဆိုခဲ့သူ ကွယ်လွန်

  • 19 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂျိန်း ရိုး ဆိုတဲ့ အမည်ဝှက်နဲ့ တရားရုံးမှာ လျှောက်ထား

၁၉၇၃ ခုနှစ် တုန်းက အမေရိကန် တရားရုံးချုပ် မှာ အမျိုးသမီးတွေ အနေနဲ့ တရားဝင် ကိုယ်ဝန် ဖျက်ချ ခွင့် ရရှိရေး ကို တောင်းဆို ခဲ့သူ နော်မာ မက်ကော်ဗေး ဟာ အသက် ၆၉ နှစ် အရွယ်မှာ ကွယ်လွန် ခဲ့ပါတယ်။

၁၉၆၉ ခုနှစ်မှာတုန်း က နော်မာ မက်ကော်ဗေး တတိယ မြောက် ကိုယ်ဝန် ဆောင်ထားချိန်မှာ သူ ဟာ မတရား ပြုကျင့် ခံခဲ့ရပြီး ကိုယ်ဝန် လွယ်ထား ရတာ ဖြစ်တဲ့ အတွက် ဖျက် ချ ခွင့် ရရှိရေး အတွက် စတင် တောင်းဆို ခဲ့တာပါ။

နော်မာ မက်ကော်ဗေး ဟာ အသက် ၂၀ အရွယ်တုန်း က အမျိုးသမီးတွေ အနေနဲ့ သူတို့ မလိုလားတဲ့ ကိုယ်ဝန်ဆောင်မှု ကို ဖျက်ချခွင့် ရရေး အတွက် ဂျိန်း ရိုး ဆိုတဲ့ အမည်ဝှက်နဲ့ တရားရုံးမှာ လျှောက်ထား ခဲ့တာဖြစ်ပါတယ်။

တက္ကဆက် တရားရေး ဌာန အကြီးအကဲ ဟင်နရီ ဝိတ်ဒ် က အဲဒီ တရားမမှုမှာ ကိုယ်ဝန် ဖျက်ချခြင်း ကို ဆန့်ကျင် တဲ့ တရားပြိုင် ဖြစ်ပါတယ်။ ရိုး နှင့် ဝိတ်ဒ် ဆိုတဲ့ ကိုယ်ဝန်ဖျက်ချ ခွင့်ရှိရေး တရားမ မှု ဟာ အမေရိကန် တရားရေး သမိုင်းမှာ ထင်ရှားတဲ့ အမှု တစ်ခု ဖြစ်ခဲ့ပါတယ်။

တရားရုံးချုပ်ရဲ့ အဆုံးအဖြတ် ခံယူရာမှာ တော့ တရားသူကြီးအများစု က ကိုယ်ဝန် ဖျက်ချ ခွင့် ရရှိရေး ကို အနိုင် ပေးခဲ့ ပါတယ်။ အဲဒီ အမှု နောက်ပိုင်းမှာ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက် ကိုပြန်ပြောင်း နိုင်ဖို့ နော်မာ ဟာ ကြိုးပမ်းမှု တွေ လုပ်ခဲ့ပါသေးတယ်။

နောက်ပိုင်း အချိန်တွေမှာတော့ မက်ကော်ဗေးဟာ ဘာသာရေး ကို သက်ဝင် ယုံကြည်သူ တစ်ယောက် ဖြစ်ခဲ့ ပြီး ၁၉၉၅ ခုနှစ်မှာတုန်း ကတော့ ကိုယ်ဝန်ဖျက်ချ ခြင်းဟာ မှားယွင်းမှု ဖြစ်ကြောင်း နဲ့ ဖျက်ချခွင့် ရရှိဖို့ တောင်းဆို ခဲ့မှု ဟာလည်း မှားယွင်းကြောင်း သူက ပြန်လည် ပြောကြား ခဲ့ပါတယ်။

လက်ရှိ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ကလည်း ကိုယ်ဝန်ဖျက်ချမှု ကို ဆန့်ကျင်တဲ့ တရားသူကြီး တွေကို တရားရုံးချုပ် မှာ ခန့်ထား ဖို့ ဆန္ဒရှိကြောင်း ပြောကြားထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ