သတင်းမီဒီယာ တွေကို ဒေါ်နယ်ထရမ့် ထပ်မံ ထိုးနှက်

  • 19 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် APtn
Image caption တကယ့် အဖြစ်မှန် တွေကို ရေးသား ပြောဆို ချင်း မရှိဘဲ သူတို့ မှာ ကိုယ်ပိုင် အစီအမံတွေ ရှိနိုင်ကြောင်း ဒေါ်နယ် ထရမ့် က ပြောကြား

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ဟာ ဖလော်ရီဒါ ပြည်နယ် မှာ သူ့ကို ထောက်ခံ ကြသူတွေ ရဲ့ အစည်းအဝေး ကို တက်ရောက် မိန့်ခွန်း ပြောကြား ခဲ့ပြီး သတင်း မီဒီယာ တွေကို တိုက်ခိုက် တဲ့ စကားတွေ ထပ်မံ ပြောကြား ခဲ့ပါတယ်။

အဲဒီ လူထု တွေ့ဆုံ ပွဲ အတွင်း သတင်း မီဒီယာတွေဟာ တကယ့် အဖြစ်မှန် တွေကို ရေးသား ပြောဆို ချင်း မရှိဘဲ သူတို့ မှာ ကိုယ်ပိုင် အစီအမံတွေ ရှိနိုင်ကြောင်း ဒေါ်နယ် ထရမ့် က ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ဖလော်ရီဒါ ပြည်နယ် မဲလ်ဘုန်း မြို့ က လူထု အစည်းအဝေး ကို ဒေါ်နယ် ထရမ့် ကို ထောက်ခံ ကြ သူတွေ က ဦးဆောင် ကျင်းပ တာ ဖြစ်ပြီး အိမ်ဖြူတော် အနေနဲ့ ဦးဆောင် ကျင်းပ တာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။

အခု အစည်းအဝေး ဟာ အမေရိကန် ပြည်သူတွေ အတွက် စုဝေး တာ ဖြစ်ပြီး သမ္မတ ထရမ့်က ပြည်သူတွေ နဲ့ တိုက်ရိုက် စကား ပြောမှု ဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေး ဆိုခွင့် ရှိသူ တစ်ဦး က ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ