မြောက်ကိုရီးယား ကျောက်မီးသွေး တင်သွင်းမှု ကို တရုတ် ဆိုင်းငံ့

  • 19 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ကျောက်မီးသွေး လုပ်ငန်း ကနေ မြောက်ကိုရီးယား ဟာ နိုင်ငံခြားဝင်ငွေ ရရှိ

ပြီးခဲ့တဲ့ ရက်တွေတုန်း တာလတ် ပစ် ဒုံးကျည် စမ်းသပ်မှု လုပ်ခဲ့တဲ့ မြောက်ကိုရီးယား နိုင်ငံက ကျောက်မီးသွေး တင်ပို့မှု အားလုံး ကို ရပ်ဆိုင်း သွားမှာ ဖြစ်ကြောင်း တရုတ် အစိုးရ က ကြေညာ ခဲ့ပါတယ်။

အခုလို တရုတ် အစိုးရ ရဲ့ ကြေညာမှု ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း က ကွာလာလမ်ပူ လေဆိပ်မှာ လုပ်ကြံ ခံခဲ့ရတဲ့ ကင်ဂျုံအွန်း ရဲ့ အစ်ကို ကင်ဂျုံနမ်း သေဆုံးမှု နဲ့ ဆက်စပ်မှု ရှိနိုင်ကြောင်း နိုင်ငံရေး လေ့လာသူတွေက သုံးသပ်နေပါတယ်။

ကင်ဂျုံနမ်း ဟာ တရုတ် အကာအကွယ် ပေးမှု နဲ့ တရုတ် သြဇာ သက်ရောက် တဲ့ မကာအို မှာ ခိုလှုံ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံ ကို တင်ပို့တဲ့ ကျောက်မီးသွေး လုပ်ငန်း ကနေ မြောက်ကိုရီးယား ဟာ နိုင်ငံခြားဝင်ငွေ ရရှိနေတာ ဖြစ်ပါတယ်။ အဲဒီ ဝင်ငွေ နဲ့ နျူလက်နက်တွေကို ထုတ်လုပ်နေတာ ဖြစ်တယ်လို့လည်း ယုံကြည် ရပါတယ်။

တရုတ်ရဲ့ ကြေညာမှု ကြောင့် မြောက်ကိုရီးယား နိုင်ငံ စီးပွားရေးမှာ ထိခိုက် နစ်နာမှုတွေ ဖြစ်ပေါ် နိုင်ကြောင်း နိုင်ငံရေး လေ့လာ သူတွေက သုံးသပ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ