ထိုင်းက ဓမ္မကာယကျောင်းလာသူတွေ အပြင်ထွက်ဖို့ ရဲကပြော

  • 19 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ကျောင်းဝင်းထဲမှာ နေကြတဲ့သူတချို့က ဖယ်မပေးပို့ အမိန့်ဖီဆန်မှုတွေရှိ

ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းဖြစ်တဲ့ ဓမ္မကာယ ဘုန်းကြီးကျောင်းကို ဂါရဝပြုဖို့လာတဲ့ သောင်းနဲ့ချီတဲ့သူတွေကို အပြင်ထွက်ပေးဖို့ ရဲတွေက အမိန့်ထုတ်လိုက်ပါတယ်။

ငွေကြေးခဝါချမှုသာမက ခိုးရာပါ ပိုင်ဆိုင်မှုတွေ တန်ဖိုး သန်းချီ လက်ခံထားမှုနဲ့ စွပ်စွဲခံနေရတဲ့ ကျောင်းထိုင်ဆရာတော်ဟောင်း ဖရာဓမ္မချာယိုကို ရဲတွေက လနဲ့ချီပြီး ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။

အခုလို စွပ်စွဲမှုတွေဟာ နိုင်ငံရေးနဲ့ ဆက်နွယ်နေတယ်လို့ ဒီဆရာတော်ရဲ့ လက်ထောက်က တုန့်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အပတ်ကလည်း ထောင်နဲ့ချီတဲ့ ထိုင်းရဲတွေက ဒီဆရာတော်ကို ကျောင်းဝင်းကြီးထဲမှာ ရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့တဲ့အတွက် ဒီဆရာတော် ရှိသေးသလားဆိုတာ မေးခွန်းထုတ်စရာတွေ ဖြစ်ခဲ့ပါတယ်။

ကျောင်းဝင်းထဲမှာ နေကြတဲ့သူတချို့က ဖယ်မပေးပို့ အမိန့်ဖီဆန်မှုတွေရှိပြီး ဒီလိုလုပ်ရင် ထောင်တနှစ်အထိ ချနိုင်တယ်လို့လည်း ရဲတွေဘက်က ခြိမ်းခြောက်မှုတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတည်းက ဒီဆရာတော်ကို ရဲတွေက စုံစမ်းမေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ