ကင်ဂျုံနမ် အသတ်ခံရမှု မြောက်ကိုရီးယားပါ၀င်လို့ စွပ်စွဲခံရ

  • 19 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် AP
Image caption မစ္စတာ ကင်ဟာ မြောက်ကိုရီးယားခေါင်းဆောင်နေရာကို ဆက်ခံဖို့ ဦးစားပေး ဖြစ်ခဲ့ဖူး

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အကို အသတ်ခံရမှုမှာ မြောက်ကိုရီးယားအစိုးကိုယ်တိုင် ပတ်သက်နေတယ်လို့ တောင်ကိုရီးယား ပေါင်းစည်းရေး ဝန်ကြီးဌာနက စွပ်စွဲလိုက်ပါတယ်။

ဒီအသတ်ခံရမှုနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ နောက်ထပ် လူလေးယောက်တွေ့ထားတယ်လို့ မလေးရှားရဲတွေက ပြောပါတယ်။

ဒါပေမယ့် ဒီလူလေးယောက်ဟာ မလေးရှားနိုင်ငံထဲမှာတော့ မရှိတော့ဘူးလို့ ရဲတွေက ပြောပါတယ်။

လောလောဆယ်မှာ သံသယဖြစ်စရာ လူ လေးယောက်ဖမ်းထားပြီး ဒီထဲက အမျိုးသမီးတယောက်ကတော့ သူ့ကို လှည့်ဖျားပြီး ပါဝင်အောင် အလုပ်ခံခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

သေဆုံးသူ မစ္စတာ ကင်ဂျုံနမ်နဲ့ နီးစပ်တဲ့ ဆွေမျိုးတယောက်ယောက်က အလောင်းကို ပြန်သယ်ခွင့် ၂ ပတ်အတွင်း တောင်းရမယ်လို့ မလေးရှားရဲတွေက ပြောဆိုထားပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ရဲ့ ဖအေတူ မအေကွဲ အကို မစ္စတာ ကင်ဟာ မလေးရှားလေဆိပ်မှာ ဓာတုဗေဒ ဆေးအဖြန်းခံရပြီး မကြာခင် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ကင်ဟာ မြောက်ကိုရီးယားခေါင်းဆောင်နေရာကို ဆက်ခံဖို့ ဦးစားပေး ဖြစ်ခဲ့ဖူးပြီး သူ့ရဲ့ ဖခင် ကင်ဂျုံအီရဲ့ မျက်နှာသာပေးမှု မရတဲ့နောက်ပိုင်း ပြည်ပရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ