မိုဆူးလ်မြို့ကို ပြန်ရဖို့ အီရတ် အစိုးရတပ်တွေ ထိုးစစ်ဆင်

  • 20 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အီရတ်အစိုးရတပ်တွေကို အမြောက်တွေ တိုက်ရဟတ်ယာဉ်တွေနဲ့ အားဖြည့်

အီရတ်နိုင်ငံ မိုဆူးလ်မြို့ အနောက်ပိုင်းတဝက်ကို IS အစ္စလာမစ်နိုင်ငံ လက်နက်ကိုင်တွေ လက်ကနေ ပြန်ရဖို့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ စလုပ်တဲ့နေ့မှာပဲ အီရတ် အစိုးရ တပ်ဖွဲ့တွေက ရွာတချို့ကို ပြန်သိမ်းယူနိုင်ခဲ့ပါတယ်။

ဂျီဟာ့ဒ် ဝါဒီ လက်နက်ကိုင်တွေ စွန့်ပစ်ထားတဲ့ လက်နက်ခဲယမ်းတွေကိုရော အဆောက်အအုံတခုထဲမှာ အသုံးမပြုရသေးတဲ့ ကားဗုံးတလုံးကို ဖွက်ထားတာကိုပါ တွေ့ခဲ့ရတယ်လို့ အီရတ် တပ်ဖွဲ့တွေနဲ့ လိုက်ပါသွားတဲ့ ဘီဘီစီ သတင်းထောက်က ပြောပြပါတယ်။

အဲဒီ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေမှာ အမြောက်တွေ၊ တိုက်ရဟတ်ယာဉ်တွေနဲ့ အားဖြည့်ထားတဲ့ အီရတ် တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ပါဝင်ပြီး မိုဆူးလ်မြို့ လေဆိပ်ကို ပထမဆုံး ပစ်မှတ်ထား တိုက်ခိုက်မယ့် ပုံ ရှိပါတယ်။

IS လက်နက်ကိုင်တွေကလည်း ကားဗုံးတွေနဲ့ တုန့်ပြန် တိုက်ခိုက်ခဲ့ကြပြီး တနေရာမှာတော့ အဝေးထိန်းစနစ်နဲ့ ဒရုန်းတခုကနေ ဖောက်ခွဲပစ္စည်းတွေ ကြဲချခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ