တရားမဝင် နေနေသူတွေကို နှင်ထုတ်ဖို့ သမ္မတထရမ့် လုပ်

  • 22 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption စာရွက်စာတမ်း အထောက်အထား မရှိသူတွေကို အမေရိကန်နိုင်ငံထဲကနေ နှင်ထုတ်မယ်

အမေရိကန်နိုင်ငံမှာ တရားမဝင် နေထိုင်နေသူတွေအနေနဲ့ နိုင်ငံထဲကနေ နှင်ထုတ်ခံရမယ့် တင်းကြပ်တဲ့ အရေးယူမှုသစ်တွေနဲ့ ရင်ဆိုင်ရဖို့ ရှိပါတယ်။

ရာဇဝတ်မှု မှတ်တမ်း ရှိတဲ့ တရားမဝင် နေထိုင်သူတွေကို အရင် ပစ်မှတ်ထား အရေးယူသွားမှာ ဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက် အန္တရာယ်ပြုမယ့်သူတွေ၊ အမေရိကန်နိုင်ငံရဲ့ လူမှုရေး အကျိုးခံစားခွင့် စနစ်ကို အလွဲသုံးစား လုပ်နေသူတွေကိုပါ အရေးယူ ဆောင်ရွက်သွားမယ်လို့ သမ္မတ ထရမ့် အစိုးရက ပြောပါတယ်။

ဒါပေမယ့်လည်း အမေရိကန်နိုင်ငံထဲ တရားမဝင် ခေါ်သွင်းလာတဲ့ ကလေးငယ် သိန်းပေါင်း များစွာကိုတော့ အရင်သမ္မတ အိုဘားမား အစိုးရက လက်မှတ်ရေးထိုး ထုတ်ပြန်ထားတဲ့ လုပ်ပိုင်ခွင့် အမိန့်တခုအောက်မှာ ဆက်နေခွင့် ပြုသွားမယ်လို့ သိရပါတယ်။

အဲဒီ အရေးယူ ဆောင်ရွက်မှုသစ်တွေကို အကောင်အထည် ဖေါ်ဖို့အတွက် အရာရှိ တသောင်းလောက်ကို ထပ်ခန့်ထားဖို့ ပြည်ထဲရေး လုံခြုံရေး ဌာနက စီစဉ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ