အစိုးရငွေနဲ့ ဘုရားကျောင်းကို ရွှေထည်တွေလှူသူ

  • 23 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption အငြင်းပွားဖွယ်ကိစ္စတွေ မကြာမကြာလုပ်တတ်သူ ပြည်နယ်ဝန်ကြီးချုပ် ရောင်း

အိန္ဒိယနိုင်ငံက ဟိန္ဒူဘုရားကျောင်းတစ်ခုမှာ အစိုးရငွေ ဒေါ်လာ ၇ သိန်းကျော်ကိုသုံးပြီး ရွှေထည်ပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ အဆင့်မြင့် နိုင်ငံရေးသမားကြီးတစ်ဦးကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။

တလန် ဂါနာပြည်နယ်ဆိုပြီး အိန္ဒိယပြည်နယ်သစ်တစ်ခု ပေါ်ထွက်လာခဲ့တာ အတွက် ဖန်တီးပေးတဲ့ ဘုရားတွေကို ကျေးဇူးတင်တဲ့ အနေနဲ့ ထင်ရှားကျော်ကြားတဲ့ ဟိန္ဒူဘုရားကျောင်းမှာ ရွှေလည်ဆွဲကြီးတွေ ၊ ရွှေပန်းကုံးတွေ၊ နှာခေါင်းမှာ ဆင်တဲ့ ရွှေထည်တွေကို အဲဒီပြည်နယ်ဝန်ကြီးချုပ် ချန်ဒရာရှက်ကာရောင်း က လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ဒါဟာ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးတာလို့ အတိုက်အခံနိုင်ငံရေးသမားတွေ ပြောကြပါတယ်။

မစ္စတာရောင်းဟာ ကျည်ကာရေချိုးခန်းတွေ၊ ရုပ်ရှင်ပြခန်းတွေ ပါတဲ့ ကြီးကျယ်ခန်းနားတဲ့ အိမ်သစ်ကြီးကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။