ဂျပန်မှာ တလတခါ သောကြာရုံးစောပိတ်မယ်

  • 24 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် TORU YAMANAKA
Image caption ရုံးစောဆင်းလို့ စျေးဝယ်ထွက်နေကြသူတွေ

ဂျပန်နိုင်ငံမှာ ပထမဆုံးအနေနဲ့ တလတခါ သောကြာနေ့ ရုံးစောစောပိတ်တာကို ဒီကနေ့ စတင်လိုက်ပါတယ်။

ဂျပန်နိုင်ငံမှာ ဈေးဝယ်သူ ငွေအသုံးနည်းလာတာကို မြှင့်ဖို့နဲ့ အလုပ်ချိန် ရှည်ကြာမှုတွေကြောင့် လတိုင်းရဲ့ နောက်ဆုံး သောကြာနေ့ကို ညနေ ၃ နာရီမှာ ရုံးဆင်းဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ မကြာသေးခင်က လေ့လာမှုတခုအရ ဂျပန်အလုပ်သမား ငါးပုံတပုံဟာ အလုပ်ဒဏ်ကြောင့် အသက်အန္တရာယ်ရှိတဲ့ အခြေအနေရောက်နေတာကို တွေ့ခဲ့ရပါတယ်။

ဂျပန် ဘဏ္ဍာရေး ဝန်ကြီး Hiroshige Seko ကတော့ သူ့ဘဝမှာ တခါမှ သောကြာနေ့မှာ အားကစား မလုပ်ခဲ့တာကို ခု ရုံးပိတ်ချိန်စောသွားလို့ စလုပ်တော့မယ်လို့ ဆိုပါတယ်။

ဒါဟာ ဂျပန် လူ့အဖွဲ့အစည်းထဲမှာ တဖြည်းဖြည်း အပြောင်းအလဲ ဖြစ်လာဖို့ ရှိလို့ ကောင်းတယ်၊ ပျော်တယ်လို့လည်း တိုကျိုက ဂျပန် အလုပ်သမား တချို့က ဆိုပါတယ်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးကတော့ ကြွေးကြော်သံတွေနဲ့ပဲ လူ့အဖွဲ့အစည်းကို မပြောင်းနိုင်ဘူးလို့ ဆိုပါတယ်။

အလုပ်ခွင်မှာ ခွဲခြား ဆက်ဆံမှုတွေ ပပျောက်ဖို့၊ အချိန်ပို ခိုင်းတာတွေကို ကန့်သတ်ဖို့က ပိုအရေးကြီးပါတယ် လို့လည်း သူက ပြောပါတယ်။

ဂျပန်မှာ အချိန်ပိုကို တနှစ်ကို နာရီ ၇၂ဝ၊ တလ နာရီ ၆ဝ ထက် မကျော်ဖို့ အလုပ်သမား ဥပဒေကို ပြင်ဆင်နိုင်အောင် အစိုးရက ကြိုးစားနေပြီး နောက်လထဲမှာ အစည်းအဝေး လုပ်ဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ