ဘင်္ဂလားဒေ့ရှ်မှာ သပိတ်မှောက် အလုပ်သမားတွေ ပြန်လွှတ်

  • 25 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption လစာတိုးမပေးလို့ လူ သောင်းနဲ့ချီပြီး သပိတ်မှောက်တဲ့အထဲမှာ ပါဝင်တဲ့ အလုပ်သမားခေါင်းဆောင်တွေပြန်လွတ်

ဘင်္ဂလားဒေ့ရှ်အစိုးရက လစာကိစ္စ အငြင်းပွားမှုနဲ့ ဖမ်းဆီးထားတဲ့ အထည်ချုပ် အလုပ်သမားတွေကို ပြန်လွှတ် နေပြီလို့ IndustriALL လို့ ခေါ်တဲ့ ကမ္ဘာ့အလုပ်သမား သမဂ္ဂအဖွဲ့က ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက လစာတိုးမပေးလို့ လူ သောင်းနဲ့ချီပြီး သပိတ်မှောက်တဲ့အထဲမှာ ပါဝင်တဲ့ အလုပ်သမား ၃၄ယောက်နဲ့ ဒေသခံ သမဂ္ဂ ခေါင်းဆောင်တွေကို အစိုးရက ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။

မြို့တော် ဒါက္ကာမှာ မကြာခင် ကျင်းပတော့မယ့် စီးပွားရေးညီလာခံကို တက်ရောက်မယ့် နိုင်ငံတကာ အဝတ်အထည် ကုမ္ပဏီတွေက အဖမ်းခံ အလုပ်သမားတွေကို ထောက်ခံတဲ့အနေနဲ့ အစည်းအဝေးမတက်ဘူးလို့ ခြိမ်းခြောက်မှုတွေ ရှိခဲ့ပါတယ်။

ဒီညီလာခံမှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟစီနာလည်း မိန့်ခွန်းပြောဖို့ ရှိပြီး ဒီညီလာခံ စီစဉ်ထားတဲ့အတိုင်း လုပ်ဖြစ်မယ်လို့ IndustriALL က ပြောပါတယ်။

ဒီစီးပွားရေးညီလာခံကို H&M နဲ့ Inditex လို ကုမ္ပဏီတွေလည်း တက်ရောက်မှာဖြစ်ပြီး ဒေါ်လာသန်း၃၀ တန်ဖိုးရှိတဲ့ အထည်ချုပ်လုပ်ငန်းဆိုင်ရာတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။