တရုတ်ဝက်ဘ်ဆိုဒ်တွေ ကိုရီးယားဇာတ်လမ်းတွဲပြတာ ရပ်ဆိုင်း

  • 26 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ်နဲ့ နိုင်ငံရေး တင်းမာမှုကြောင့် ဖြစ်တယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြော

တရုတ်နိုင်ငံမှာ ပရိသတ်တွေ အများကြီးကို စွဲဆောင်နိုင်တဲ့ တောင်ကိုရီးယား ဇာတ်လမ်းတွဲတွေ ပြတာကို တရုတ် ဝက်ဘ်ဆိုဒ် တော်တော်များများက ရပ်ဆိုင်းလိုက်ပါတယ်။

ဒီလို ရပ်ဆိုင်းတာဟာ တရုတ်နဲ့ နိုင်ငံရေး တင်းမာမှုကြောင့် ဖြစ်တယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောကြောင်း တောင်ကိုရီးယားသတင်းဌာနတွေက ပြောပါတယ်။

တောင်ကိုရီးယားက အမေရိကန် ဒုံးလက်နက်စနစ်လာရောက် တပ်ဆင်မှုကို လက်ခံခဲ့တာကို တရုတ်ဘက်က မကျေနပ်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဘက်က နျူးကလီးယား စီမံကိန်းတွေ ဆက်လုပ်နေတဲ့အတွက် ဒီလို လက်နက်စနစ်ချထားဖို့ မရှိမဖြစ် လိုနေကြောင်း တောင်ကိုရီးယားဘက်က ပြောပါတယ်။

ဒီလို လက်နက်တွေ ချထားတာဟာ ဒေသတွင်း လက်နက် အားပြိုင်မှုတွေ ဖြစ်စေပြီး တောင်ကိုရီးယားအတွက်လည်း အိမ်နီးချင်းနိုင်ငံတွေအထိ လျှို့ဝှက်ထောက်လှမ်းတာတွေ ဖြစ်လာနိုင်တယ်လို့ တရုတ်ဘက်က ဝေဖန်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ