ရုရှားအတိုက်အခံ အသတ်ခံရမှု အထိမ်းအမှတ် လူထောင်ချီလာရောက်

  • 26 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption လက်ရှိသမ္မတ ပူတင်အပေါ် ဝေဖန်ခဲ့တဲ့ သူ့ရဲ့ စာသားပါတဲ့ ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ခဲ့ကြ

ရုရှားနိုင်ငံ မော်စကိုမြို့မှာ အသတ်ခံခဲ့ရတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် ဘိုးရီးစ် နမ်းမ်ဆော့ဗ် အောက်မေ့ဖွယ် အခမ်းအနားအတွက် လူတွေ ထောင်နဲ့ချီပြီး လာရောက် နေကြပါတယ်။

အခုလို လာရောက်ကြသူတွေဟာ ရုရှားအလံတွေနဲ့ မစ္စတာ နမ်းမ်ဆော့ဗ်ရဲ့ ပုံတွေကို ကိုင်ဆောင်ခဲ့ကြသလို ယူကရိန်းက စစ်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး လက်ရှိသမ္မတ ပူတင်အပေါ် ဝေဖန်ခဲ့တဲ့ သူ့ရဲ့ စာသားပါတဲ့ ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။

အစောပိုင်းမှာလည်း သူ ပစ်သတ်ခံခဲ့ရတဲ့ ကရန်မလင် နန်းတော်နားက တံတားပေါ်မှာ လွမ်းသူ့ပန်းစည်းချပြီး ဂုဏ်ပြုတာတွေ ရှိခဲ့ပါတယ်။

သူ့ကို ဂုဏ်ပြုတဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့အတွက် တခြား စိန့်ပီတာဘတ် မြို့မှာလည်း စုဝေးမှုတွေ ပြုလုပ်နေကြပါတယ်။

မစ္စတာ နမ်းမ်ဆော့ဗ်ဟာ လွန်ခဲ့တဲ့ ၂နှစ်က အသတ်ခံခဲ့ရတာဖြစ်ပြီး မနက်ဖြန်မှာ ၂ နှစ်ပြည့် အခမ်းအနား လုပ်မှာ ဖြစ်ပါတယ်။

ဒု ဝန်ကြီးချုပ်ဟောင်းဖြစ်သူ မစ္စတာ နမ်းမ်ဆော့ဗ်ဟာ ယူကရိန်းအရှေ့ပိုင်းအရေးမှာ ရုရှားပါဝင်မှုနဲ့ ပတ်သက်ပြီး စာတမ်းတခု မထုတ်ခင် အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီအမှုအတွက် ချေချင်းလူမျိုး ငါးယောက်ကို ပြီးခဲ့တဲ့ အောက်တိုဘာလကမှ ရုံးတင်စစ်ဆေးနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ