ယူကရိန်း က အရပ်ဖက် အဖွဲ့တွေ တိုက်ခိုက်ခံရမှု ကန် ပြစ်တင်

  • 27 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ငံတကာ အဖွဲ့အစည်းတွေ ဝင်ရောက် လေ့လာခွင့် ပေးဖို့ ကိုလည်း အမေရိကန် က တောင်းဆို ထား

ယူကရိန်း အရှေ့ပိုင်း က အပစ်အခတ် ရပ်စဲရေး ကို စောင့်ကြည့် လေ့လာ နေတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ ရဲ့ ရုံးခန်းမှာ ခြိမ်းခြောက် ပစ်ခတ် တိုက်ခိုက် ခံခဲ့ရတဲ့ အတွက် အမေရိကန် နိုင်ငံ က ပြစ်တင် ဝေဖန် လိုက်ပါတယ်။

ဒွန်ညက် မြို့က နိုင်ငံတကာ အရပ်ဖက် အဖွဲ့အစည်းတွေ ရဲ့ ရုံးခန်း ကို ရုရှ က ကျောက် ထောက် နောက်ခံ ပေးထားတဲ့ ယူကရိန်း သူပုန်တွေ လာရောက် ပြီး ဝန်းရံ ပစ်ခတ် မှုတွေ လုပ်ခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦး က ပြောပါတယ်။

ရုရှ လိုလားတဲ့ ယူကရိန်း သူပုန် အဖွဲ့တွေရဲ့ ပစ်ခတ် တိုက်ခိုက်မှု တွေကို ချက်ချင်း ရပ်ဆိုင်း ရေး အတွက် ရုရှ နိုင်ငံဘက် က တိုက်တွန်း ဖို့ကိုလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန က တောင်းဆို ခဲ့ပါတယ်။

ရှေ့တန်း စစ်မြေပြင် က လက်နက်ကြီးတွေ ချက်ချင်း ရုပ်သိမ်းပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေ ဝင်ရောက် လေ့လာခွင့် ပေးဖို့ ကိုလည်း အမေရိကန် က တောင်းဆို ထားပါတယ်။