အော်စကာ ဇာတ်ကားဆု Moonlight ရရှိ

  • 27 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption လာလာလန်း ရုပ်ရှင် ကလည်း အကောင်း ဆုံး အမျိုးသမီး သရုပ်ဆောင် ဆု ကို Emma Stone က ဆွတ်ခူးသွားပြီး စုစုပေါင်း အော်စကာ ၆ ဆု နဲ့ ဆု အများဆုံး ဆွတ်ခူး သွားနိုင်ခဲ့ ပါတယ်။

၂၀၁၆ ခုနှစ် အတွက် အော်စကာ ရုပ်ရှင် ထူးချွန်ဆု ပေးပွဲ မှာ အကောင်းဆုံး ဇာတ်ကား ဆုကို Moonlight 'လရောင်' ဇာတ်ကားက ဆွတ်ခူး ရရှိသွား ပါတယ်။

ဇာတ်ကားဆု ကြေညာစဉ်ကို La La Land 'လာလာလန်း' ဇာတ်ကား က ရရှိတယ်လို့ မှားယွင်း ကြေညာ ခဲ့ပြီး ဆုရရှိတဲ့ အပေါ် လာလာလန်း ရုပ်ရှင် အဖွဲ့သားတွေက ကျေးဇူးတင် စကား ပြောကြား နေတုန်း မှာပဲ မှားယွင်း သွားတယ်လို့ အစီအစဉ် တင်ဆက် သူက ပြောကြားခဲ့ပြီး နောက် Moonlight ဇတ်ကားကို ဆုပေးအပ်လိုက် ပါတယ်။

မဲရေတွက် ရာမှာ တာဝန် ရှိတဲ့ စာရင်းစစ် ကုမ္ပဏီ PriceWaterhouseCooper ကနေ သူတို့ အမှား အတွက် တောင်းပန် လိုက်ပါ တယ်။

လာလာလန်း ရုပ်ရှင် ကလည်း အကောင်း ဆုံး အမျိုးသမီး သရုပ်ဆောင် ဆု ကို Emma Stone က ဆွတ်ခူးသွားပြီး စုစုပေါင်း အော်စကာ ၆ ဆု နဲ့ ဆု အများဆုံး ဆွတ်ခူး သွားနိုင်ခဲ့ ပါတယ်။

အကာင်းဆုံး အမျိုးသား သရုပ်ဆောင် ဆုကိုတော့ Casey Affleck က Manchester by the Sea ဇာတ်ကား ကနေ ဆွတ်ခူး ရရှိသွား ပါတယ်။

Viola Davis ကတော့ အကာင်းဆုံး အမျိုးသမီး ဇတ်ပို့ဆု ကို ရရှိခဲ့ပါတယ်။

လာလာလန်း ရုပ်ရှင် ကားရဲ့ ဒါရိုက်တာ အသက် ၃၂ နှစ်အရွယ် Damien Chazelle ဟာ အကောင်းဆုံး ဒါရိုက်တာ ဆုကို အဲဒီ ကားနဲ့ ဆွတ်ခူး ခဲ့ပြီး၊ အော်စကာ သမိုင်းမှာ အသက် အငယ်ဆုံး ဒါရိုက်တာ ဆု ဆွတ်ခူးသူ အဖြစ် မှတ်တမ်း ဝင်သွား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ