ကာကွယ်ရေး အသုံးစားရိတ် တိုးမြှင့်မယ်လို့ ထရမ့် ကတိပေး

  • 28 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ကမ္ဘာ ကိုလည်း အန္တရာယ် တွေ များတဲ့ အချိန် မှာ အမေရိကန် ရဲ့ လုပ်နိုင်ခြေ စွမ်းအား ကို သတင်းစကား ပါး

သမ္မတ ဒေါ်နယ်ထရမ့် က ၂၀၁၈ ခု နိုင်ငံတော် ဘတ်ဂျက် အသုံးစရိတ် ကို လာမဲ့ မေလ မှာ ကွန်ဂရက် လွှတ်တော် ကို တင်ပြရတော့ မှာ မို့ ကာကွယ်ရေး ဘတ်ဂျက် ကိုတော့ ၁၀ ရာခိုင်နှုန်း တိုးမြှင့် သုံးစွဲ ဖို့ ကြေညာ လိုက်ပါပြီ။ ဒါကြောင့် ပင်တဂွန် စစ်ဌာနချုပ် အနေနဲ့ ၅၄ ဘီလျံ ဒေါ်လာ တိုးမြှင့် သုံးစွဲခွင့် ရနိုင်မှာ ဖြစ်ပါတယ်။

ဒီ ဘတ်ဂျက် အသုံးစရိတ် ဟာ ပြည်သူ လူထု ရဲ့ ဘေးကင်းရေး၊ အမျိုးသား လုံခြုံရေး တို့ အတွက် အခြေခံတာ ဖြစ်လို့ အင်အား လျော့ကျစ ဖြစ်လာတဲ့ စစ်တပ် ကို ပြန်လည် တည်ဆောက်ပေး မှာ ဖြစ်ပါတယ်။

စစ်အင်အား ဖြည့်တင်း ဖို့ လိုအပ်နေတဲ့ အချိန်မှာ အကုန်အကျခံမှာ ဖြစ်တဲ့ အတွက် သမိုင်းဝင် အသုံးစရိတ် ဖြစ်သလို ကမ္ဘာ ကိုလည်း အန္တရာယ် တွေ များတဲ့ အချိန် မှာ အမေရိကန် ရဲ့ လုပ်နိုင်ခြေ စွမ်းအား ကို သတင်းစကား ပါးလိုက် တယ် လို့ ပြောတာပါ။

လက်ရှိ အနေအထား အရလည်း အမေရိကန် ဟာ တနှစ် ကို ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ဘီလီယံ ၆၀၀ သုံးစွဲနေလို့ ကမ္ဘာ့ နိုင်ငံကြီး ၆ နိုင်ငံ ရဲ့ စစ် အသုံးစရိတ် ထက်ပင် များပြားနေတာပါ။

အခုလို ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့် လိုက်ခြင်း အားဖြင့် နိုင်ငံတော် ဘတ်ဂျက် ကို ဘယ်နေရာ မှာ အသုံးလျှော့ပစ်ဖို့ မစ္စတာ ထရမ့် စဉ်းစားထားလို့ ပါလည်း။

သူ့ဘက်ကတော့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံ ရပ်ခြား ကူညီထောက်ပံ့မှု နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး အစီအစဉ် တွေ က ဘတ်ဂျက်ငွေ ကို လျှော့ပစ် ဖို့ စီစဉ်ပုံ ရပါတယ်။

ဒါကြောင့်မို့လည်း ကာကွယ်ရေး အသုံးစရိတ် က သူ့ဘက် က ကွန်ဂရက် ကို အရင်တင်ပြလိုပုံ ရတယ် လို့ ရီပတ်ဘလီကန် တွေ ကရော ဒီမိုကရက် တွေ ကပါ သုံးသပ်ကြပါတယ်။

ဒါပေမဲ့ အာဖဂန်နစ္စတန် နိုင်ငံ ပြန်လည်ထူထောင်ပေးရေး နဲ့ အာဖရိက နိုင်ငံတွေ ဘက် အေအိုင်ဒီအက်စ် ရောဂါ ကာကွယ် ကုသရေး စတဲ့ လူမှု ထောက်ပံ့ အကူငွေ တွေ ဟာ ဖြတ်တောက်ဖို့ မလွယ်တဲ့ အကြောင်း ဘီဘီစီ သတင်းထောက် ဂယ်ရီ အို ဒေါ်နာဟူး က ပြောပါတယ်။