အယ်ကိုင်းဒါ ဒုတိယ ခေါင်းဆောင် သေဆုံး

  • 28 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် LOCAL CO-ORDINATION COMMITTEES
Image caption သူ့နာမည် အရင်း က အဗ်ဒူလာ မိုဟာမက် ရာဂျက် အဗ်ဒူ ရာမန် ဖြစ်ပြီး သူဟာ ဂျီဟာဒစ် အဖွဲ့ကြီး ရဲ့ ဒုတိယ အဆင့်မြင့်ဆုံး ခေါင်းဆောင်

ဆီးရီးယား နိုင်ငံ မြောက်ပိုင်းမှာ အမေရိကန် က လုပ်တဲ့ ဒရုန်း တိုက်ခိုက်မှု အတွင်း၊ အယ်ကိုင်းဒါး အဓိက ခေါင်းဆောင် အဗ်ဘူ အယ်လ်ခါ အယ်လ် မာဆရီ သေဆုံး ခဲ့ပြီ ဖြစ်ကြောင်း အတည်ပြုလို့ မရသေးတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အယ်လ်ကိုင်းဒါး အဖွဲ့ ရဲ့ ခေါင်းဆောင် အေမန် အယ်လ် ဇာဝါဟီရီ ရဲ့ လက်ထောက် ဖြစ်ပြီး အီဂျစ် နိုင်ငံသား ဖြစ်ပါတယ်။ သူ့နာမည် အရင်း က အဗ်ဒူလာ မိုဟာမက် ရာဂျက် အဗ်ဒူ ရာမန် ဖြစ်ပြီး သူဟာ ဂျီဟာဒစ် အဖွဲ့ကြီး ရဲ့ ဒုတိယ အဆင့်မြင့်ဆုံး ခေါင်းဆောင် တစ်ယောက် ဖြစ်ပါ တယ်။

ဆီးရီးယား အတိုက်အခံ သူပုန် အဖွဲ့ တစ်ခုက အင်တာနက် မှာ တင်ခဲ့တဲ့ ဓါတ်ပုံ ထဲမှာတော့ ဒရုန်း တိုက်ခိုက်မှုကြောင့် ကားတစ်စီး ထိခိုက် ပျက်စီး နေတာ ကို တွေ့မြင့် ခဲ့ရပြီး အဗ်ဘူ အယ်လ်ခါ အယ်လ် မာဆရီ သေဆုံး ခဲ့ပြီ လား ဆိုတာ ကတော့ အတည်မပြု နိုင်သေးပါဘူး။

အမည် မဖော်လိုတဲ့ အမေရိကန် စစ်တပ် အရာရှိ တစ်ဦး ရဲ့ ပြောကြား ချက် အရ သူ့ ကိုယ် ဦးတည်ပြီး အစဉ် တစိုက် ရှာဖွေ နေခဲ့တာ ဖြစ်ပါတယ်။ အခု စစ်ဆင်ရေး ကျမှ ဂျီဟက်ဒစ် ခေါင်းဆောင် ကို သုတ်သင် နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဆယ်စုနှစ်ပေါင်း များစွာ အယ်ကိုင်းဒါး အဖွဲ့ကို ဦးဆောင် လာခဲ့တဲ့ အဗ်ဒူလာ အဗ်ဒူရာမန် သေဆုံးမှု ဟာ အယ်ကိုင်းဒါး အဖွဲ့ အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုလည်း ဖြစ်ပါတယ်။