ပြင်သစ်သမ္မတ မိန့်ခွန်းပြောတုန်း မတော်တဆ သေနတ်ပစ်မှု ဖြစ်

  • 1 မတ် 2017
ဓာတ်ပုံ မူပိုင် AP
Image caption အမြန်မောင်း မီးရထားလမ်း ဖွင့်ပွဲအတွက် ပြင်သစ် သမ္မတ မိန့်ခွန်းပြောနေစဉ်

ပြင်သစ်နိုင်ငံ အနောက်ပိုင်း Villognonမြို့က အမြန်မောင်း မီးရထားလမ်း ဖွင့်ပွဲမှာ သမ္မတ Francois Hollande မိန့်ခွန်းပြောနေစဉ် မတော်တဆ သေနတ်ပစ်ခတ်မှု တခု ဖြစ်ပွားခဲ့ပါတယ်။

သမ္မတ မိန့်ခွန်းပြောနေတဲ့ မဏ္ဍပ်နဲ့ မီတာ ၁၀၀ အကွာနားလောက်က အမိုးပေါ်မှာ ရှိနေတဲ့ လက်ဖြောင့် သမားတဦးက သူ့ပစ်မှတ်ကို ရွှေ့ချိန်တုန်း မတော်တဆ သေနတ် ပစ်လိုက်မိတာလို့ ဒေသန္တရ ထိပ်တန်းအစိုးရ အရာရှိတဦးက ပြောပါတယ်။

မဏ္ဍပ်ဖျင်ကို ဖောက်ထွက်ဝင်လာတဲ့ အဲဒီကျည်ဆံဟာ ဖျော်ရည်ယမကာတွေ ပြင်ဆင်နေတဲ့ နေရာက စားပွဲထိုးရဲ့ ပေါင်ကို ထုတ်ချင်းပေါက် ထိမှန်ပြီး သူ့လုပ်ဖေါ်ကိုင်ဖက်တဦးရဲ့ ခြေသလုံးထဲ ဝင်သွားတယ်လို့ ဆိုပါတယ်။

မိန့်ခွန်းပြောအပြီးမှာ သမ္မတ Francois Hollandeက အဲဒီလူတွေဆီ လာ သတင်းမေးခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ