ပါမိုင်းယား တိုက်ပွဲ ဆီးရီးယား အစိုးရတပ် ဆင်နွှဲ

  • 2 မတ် 2017
ဓာတ်ပုံ မူပိုင် AP
Image caption ၂၀၁၅ ခုနှစ်မှာ အစပိုင်းမှာ IS တွေက သိမ်းပိုက် ထား ခဲ့တာ ဖြစ်ပြီး ရှေးဟောင်း အဆောက်အဦးတွေ ကို ဖျက်ဆီး

IS တွေ သိမ်းပိုက် ထားတဲ့ ရှေးဟောင်း မြို့တော် ပါမိုင်းယား ကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ ဆီးရီးယား အစိုးရ စစ်တပ် ဟာ ထိုးစစ်ဆင် တိုက်ခိုက်မှု တွေကို မနေ့က စတင် လိုက်ပါတယ်။

ရုရှ ရဲ့ စစ်ကူ ပေးမှု နဲ့ ဆီးရီးယား နိုင်ငံ မြောက်ပိုင်း က ပါမိုင်းယား နဲ့ ထိစပ် နေတဲ့ နယ်မြေ အချို့ ကို အစိုးရ တပ်က ပြန်လည် သိမ်းပိုက် နိုင်ခဲ့ကြောင်း ဗြိတိန် အခြေ စိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ကြီး က ပြော ပါတယ်။

ဆီးရီးယား နိုင်ငံက ကမ္ဘာ့ အမွေအနှစ် အဖြစ် သတ်မှတ် ခံထားရတဲ့ သမိုင်းဝင် ရှေးဟောင်း ပါမိုင်းယား မြို့ကို ၂၀၁၅ ခုနှစ်မှာ အစပိုင်းမှာ IS တွေက သိမ်းပိုက် ထား ခဲ့တာ ဖြစ်ပြီး ရှေးဟောင်း အဆောက်အဦးတွေ ကို ဖျက်ဆီး ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ် တုန်း က ပါမိုင်းယား မြို့က IS တွေကို ဆီးရီးယား အစိုးရ က တိုက်ထုတ် နိုင်ခဲ့ပေမယ့် ဒီဇင်ဘာလ မှာ အဲဒီ မြို့ ကို IS အဖွဲ့ က ပြန်လည် သိမ်းပိုက် ထား ခဲ့တာ ဖြစ်ပါတယ်။