အအိပ်အနေနည်းတဲ့ အာဖရိက ဆင်ရိုင်းတွေ

  • 2 မတ် 2017
ဓာတ်ပုံ မူပိုင် WITS UNIVERSITY
Image caption အအိပ်နည်းတဲ့ အာဖရိက ဆင်ရိုင်းတွေ

အာဖရိက တောဆင်ရိုင်းတွေဟာ နို့တိုက် သတ္တဝါထဲ အိပ်ချိန် အနည်းဆုံးပဲလို့ လေ့လာမှု တစ်ရပ်က ဆိုပါတယ်။

ဆင်တွေရဲ့ သဘာဝ အတိုင်း အိပ်စက်တဲ့ အလေ့အကျင့်ကို သိနိုင်အောင် ဘော့စ်ဝါနာမှာ ဆင် နှစ်ကောင်နောက် သိပ္ပံ ပညာရှင်တွေ တကောက်ကောက် လိုက်ကြည့် ခဲ့ပါတယ်။

တိရိစ္ဆာန် ရုံထဲက ဆင်တွေဟာ တစ်နေ့ကို ၄ နာရီကနေ ၆ နာရီ အထိ အိပ်စက်လေ့ ရှိပေမယ့် သဘာဝ တောတောင် တွေထဲမှာတော့ ညဘက် အချိန်တွေမှာ ၂ နာရီ လောက်သာ အိပ်တတ် ကြတာ တွေ့ရပါတယ်။

သိပ္ပံ ပညာရှင်တွေ အထူး လေ့လာခဲ့တာ ဆင်ရိုင်း အုပ်စု တွေကို ဦးဆောင်တဲ့ ဆင်အမကြီး နှစ်ကောင် ဖြစ်ပါတယ်။

အဲဒီ့ နှစ်ကောင်စလုံး တခါတလေ ရက် အတန်ကြာအောင်ကို လုံးဝ အိပ်စက်တာမျိုး မရှိတာ တွေ့ရပါတယ်။

အဲဒီ့ ဆင်တွေဟာ ရက်အတန်ကြာ မအိပ်တဲ့ ကာလတွေမှာ ဆိုရင် လူတွေမှာဆို အိပ်မက်မက်နေတဲ့ မျက်လုံးလို့ ခေါ်ကြတဲ့ မျက်လုံးတွေ လှုပ်ကနဲ လှုပ်ကနဲ ဖြစ်သွားတဲ့ rapid eye movement (REM) အခြေအနေ မျိုးမှာသာ ရှိပါတယ်။

အိပ်ပြီဆိုရင်တော့ ခြေလေးချောင်းပေါ် ရပ်မနေတော့ပဲ လှဲချပြီး အိပ်ကြ ပါတယ်။

ဆင်တွေဟာ နို့တိုက် သတ္တဝါထဲ အအိပ်အနည်းဆုံး အကောင်တွေလို့ တောင်အဖရိက၊ ဝစ်ဝါတာစရင်း တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ ပေါလ် မန်ဂျာ က ပြောပြီး၊ ဒီ အလေ့အကျင့်ဟာ သူတို့ရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ် အရွယ်အစားနဲ့ ဆက်စပ်မှု ရှိနိုင်တယ် လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ