အမေရိကန် ရှေ့နေချုပ် အပေါ် ဖိအားတွေ တိုးမြင့်

  • 2 မတ် 2017
Image caption ရုရှား သံ အမတ်နဲ့ တွေ့ဆုံ ခဲ့တဲ့ အမေရိကန် ရှေ့နေချုပ် ဆက်ရှင်စ်

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ အနီးကပ်ဆုံး အကြံပေး တစ်ယောက် ဖြစ်တဲ့ ရှေ့နေချုပ် ဂျက်ဖ် ဆက်ရှင်စ် အပေါ် ဖိအားတွေ ပိုမို တိုးမြင့် လာနေပါတယ်။

ရွေးကောက်ပွဲ အကြို မဲဆွယ်ပွဲ ကာလတွေ တုန်းက မစ္စတာ ဆက်ရှင်စ်ဟာ အများပြည်သူကို ထုတ်ပြန် မကြေညာခဲ့ပဲ ရုရှား သံအမတ်နဲ့ တွေ့ဆုံမှုတွေ ပြုလုပ် ခဲ့တဲ့ အကြောင်း ထွက်ပေါ် လာခဲ့တဲ့နောက် အခုလို ဖိအားတွေနဲ့ ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။

မစ္စတာ ဆက်ရှင်စ်ဟာ ရှေ့နေချုပ် အဖြစ် ထိုက်တန်သူ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဆီးနိတ် လွှတ်တော် ရှေ့မှောက် ထွက်ဆို ခဲ့တုန်းကတော့ မဲဆွယ်ကာလ တွေမှာ သူ့ အနေနဲ့ ရုရှားနဲ့ကြား ဘယ်လို ထိတွေ့ ဆက်ဆံမှုမျိုးမှ မပြု လုပ်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် မစ္စတာ ဆက်ရှင်စ်ဟာ ရုရှား သံအမတ်နဲ့ နှစ်ကြိမ် တွေ့ဆုံ ခဲ့ကြောင်း မတ်လ ၁ ရက်နေ့မှာ အမေရိကန် တရားရေး ဌာနက အတည်ပြု ပြောဆို လာပါတယ်။

မစ္စတာ ဆက်ရှင်စ်ဟာ အမှန်တိုင်း ပြောပါ့မယ် ဆိုပြီး ကျမ်းသစ္စာ ကျန်ဆို ထားလျက်သား လွှတ်တော်ကို လိမ်ညာ ခဲ့သူ ဖြစ်တဲ့ အတွက် ဥပဒေ အရာရှိ အဖြစ် တာဝန်ထမ်းဖို့ သင့်တော်သူ မဟုတ်ဘူးလို့ ဒီမိုကရက် ဝါရင့် ဆီနိတ်တာ အမတ် နန်စီ ပလိုစီက ဝေဖန် ပြောဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ