ပါလ်မိုင်ရာကို ဆီးရီးယားတပ် ပြန်သိမ်း

  • 2 မတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အနှစ် ၂ဝဝဝ သက်တမ်းရှိတဲ့ ဘဲလ် မျှော်စင်ကို စစ်သွေးကြွတွေ ဖျက်ပစ်ခဲ့

ဆီးရီးယား မှာ I-S တွေ တပ်စွဲခဲ့တဲ့ ပါလ်မိုင်ရာ ရှေးဟောင်းမြို့ကို ဆီးရီးယား အစိုးရတပ်တွေနဲ့ အစိုးရ ဘက်သားတွေက ပြန်လည် သိမ်းပိုက်နိုင်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒါဟာ I-S တွေ လက်ကနေ ဒီမြို့ကို ဒုတိယအကြိမ် ပြန်သိမ်းခဲ့တာလည်း ဖြစ်ပါတယ်။

ဂျီနီဗာမှာ ရှိတဲ့ ဆီးရီးယား သံအမတ် Bashar al-Jaafari က ဒီသတင်းကို အတည်ပြု ပြောကြား ခဲ့ပါတယ်။

ဒီမြို့ကို ပထမအကြိမ် သိမ်းပိုက်တုန်းက အရေးပါတဲ့ ရှေးဟောင်း သမိုင်းဝင် နေရာဌာနတွေကို ရုပ်တု ကိုးကွယ်သူတွေရဲ့ ပစ္စည်းတွေ ဆိုပြီး အစွန်းရောက် တွေက ဖျက်ဆီးခဲ့ပါတယ်။ မနှစ် မတ်လတုန်းက သူတို့ကို ဒီမြို့ကနေ တိုက်ထုတ် နိုင်ခဲ့ပေမယ့် ဒီဇင်ဘာလမှာ သူတို့က ပြန်သိမ်းခဲ့ပါတယ်။

အခုတခေါက် ဆီးရီးယား ဘက်က ဒီမြို့ကို ပြန်သိမ်းရာမှာ မဟာမိတ် ရုရှ လေကြောင်း ထိုးစစ် စစ်ကူယူပြီး တိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဗုဒ္ဓဟူးနေ့က မြို့ထဲမှာ ပစ်ခတ် တိုက်ခိုက်မှုတွေ အကြီးအကျယ် ဖြစ်ခဲ့ပြီး I-S တွေက နေရာအနှံ့ မိုင်းတွေ ထောင်ထားခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောပါတယ်။

စစ်သွေးကြွတွေ ဖျက်ပစ်ခဲ့တဲ့အထဲမှာ အနှစ် ၂ဝဝဝ သက်တမ်းရှိတဲ့ ဘဲလ် မျှော်စင်လည်း ပါပါတယ်။ ယူနက်စကို အမွေအနှစ် စာရင်းဝင်တဲ့ ဒီရှေးဟောင်း ဘုရား ကျောင်းကန် မုခ်ဦးတွေ ဖျက်ဆီးခဲ့တာကို စစ်ရာဇဝတ်မှု အဖြစ် ယူနက်စကိုက ကြေညာထားပါတယ်။

ဒီနေရာဟာ ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် ရောမ တိုင်လုံး တထောင်ကျော်နဲ့ ဂူ ၅ဝဝ ကျော်၊ ရေသွယ်မြောင်း တခု နဲ့ စည်ကားခဲ့တဲ့ မြို့ဟောင်းကြီး ဖြစ်တာမို့ စစ်မဖြစ်ခင်က တနှစ်ကို ခရီးသည် တသိန်းခွဲလောက် လာကြတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ