ပြင်သစ် သမ္မတလောင်း ဖီယွန် အိမ်ကို ရဲ ရှာဖွေ

  • 3 မတ် 2017
ဓာတ်ပုံ မူပိုင် PASCAL GUYOT
Image caption သမ္မတလောင်း မဲဆွယ် စည်းရုံးမှုတွေ ဆက်လုပ်သွားမယ်

ပြင်သစ်နိုင်ငံမှာ ဗဟို လက်ျာယိမ်းဝါဒီ သမ္မတလောင်း Francois Fillon ရဲ့ ပဲရစ်မြို့နေအိမ်ကို ရဲတွေ စီးနင်း ရှာဖွေခဲ့ပါတယ်။

သူ့ဇနီးသည်နဲ့ သားသမီးတွေကို တကယ်အလုပ်မလုပ်ပဲ ပြည်သူ့ဘဏ္ဍာငွေထဲကနေ လစာတွေ ပေးခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ မစ္စတာ ဖီယွန် ကို စစ်ဆေးမေးမြန်းဖို့ ရှိပါတယ်။

မစ္စတာ ဖီယွန် က သမ္မတလောင်း မဲဆွယ် စည်းရုံးမှုတွေ သူဆက်လုပ်သွားမှာ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တုန်းကပြောခဲ့ပြီး သူဟာ နိုင်ငံရေး လုပ်ကြံမှုရဲ့ သားကောင် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူ့ရဲ့ အဖွဲ့ထဲကနေ နောက်ထပ် လူတွေ နှုတ်ထွက်သွားကြပြီး တခြား သမ္မတလောင်း ဝင်ပြိုင်နိုင်အောင် ပါတီရဲ့ သမ္မတလောင်း အဖြစ်ကနေ နှုတ်ထွက်ပေးဖို့ ရီပတ်ဘလီကန် ပါတီတွင်းမှာ တောင်းဆိုမှုတွေ တိုးပွားလာနေပါတယ်။

မစ္စတာ ဖီယွန်ဟာ ပါတီကို ချောက်ထဲ တွန်းချနေတယ်လို့လည်း ဝန်ကြီးချုပ်ဟောင်း Dominique de Villepin က ပြောပါတယ်။

ကြာသပတေးနေ့ မနက်က မစ္စတာ ဖီယွန် ပြင်သစ် တောင်ပိုင်းက ဝိုင်လုပ်ငန်းတွေဆီ သွားပြီး မဲဆွယ်နေချိန်မှာ ဒီလို ဝင်ရှာ ခံရတာပါ။ သူ့ ပါလီမန် ရုံးခန်းကိုလည်း အရင်လကတည်းက ဝင်ရှာခံရပါတယ်။

ဒီလို ရှာခံရတဲ့အတွက် မစ္စတာ ဖီယွန် သမ္မတလောင်း အဖြစ် အရွေးခံဖို့ လုံးဝ မျှော်လင့်ချက် မရှိဖြစ်နေပြီလို့ လက်ယာဂိုဏ်းသားတွေက ရှုမြင်နေကြတယ်လို့ ဘီဘီစီ ပဲရစ် သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ