ပျောက်သွားခဲ့တဲ့ မလေးရှားလေယာဉ် မိသားစုဝင်တွေ ထပ်ရှာမယ်

  • 4 မတ် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အစိုးရပိုင်းက ရှာဖွေမှုတွေမှာ ရုပ်အလောင်းနဲ့ တခြား အရေးပါတဲ့ အစိတ်အပိုင်းတွေ မတွေ့ခဲ့

လွန်ခဲ့တဲ့ ၃ နှစ်က ပျောက်ဆုံးသွားတဲ့ မလေးရှား လေကြောင်းလိုင်းက လေယာဉ် ကို ပြန်လည်ရှာဖွေဖို့အတွက် လေယာဉ်ပေါ် ပါသူတွေရဲ့ မိသားစုဝင်တွေက ရန်ပုံငွေ ကောက်ခံမှုတွေ ပြုလုပ်နေပါတယ်။

ဒီမိသားစုဝင်တွေဟာ ယခင် ရှာဖွေခဲ့တဲ့ နေရာရဲ့ မြောက်ဘက်ပိုင်းက နေရာကို ကိုယ်ထူကိုယ်ထ ရှာဖွေဖို့အတွက် အမေရိကန် ဒေါ်လာ ၁၅ သန်း ရဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်က လေကြောင်း အမှတ် အမ်အိတ်ချ် ၃၇၀ လေယာဉ်ဟာ လူ ၂၀ဝ ကျော် တင်ဆောင်လာပြီး ကွာလာလမ်ပူကနေ ဘေဂျင်းမြို့ကို ပျံသန်းတဲ့ လမ်းမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဒီလိုပျောက်ဆုံးမှုကို သမိုင်းမှာ ပဟေဋ္ဌိ တပုဒ်အဖြစ် မထားခဲ့ချင်ဘူးလို့ ဒီမိသားစုဝင်တွေထဲက တဦးက ပြောဆိုခဲ့ပါတယ်။

အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အစိုးရပိုင်းက ရှာဖွေမှုတွေမှာ ရုပ်အလောင်းနဲ့ တခြား အရေးပါတဲ့ အစိတ်အပိုင်းတွေ မတွေ့ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလက ရှာဖွေမှုကို ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ