အိုဘားမား အစိုးရ ဖုန်းခိုးနားထောင်ခဲ့ကြောင်း ထရမ့် စွပ်စွဲ

  • 5 မတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် နိုင်ငံ တဝှမ်း မှာ အစိုးရ အသစ်အပေါ်မှာ နိုင်ငံရေး အရ ကန့်ကွက် ဆန္ဒပြပွဲ တွေ ဟာ လည်း မစ္စတာ အိုဘားမား နဲ့ သူ့လူတွေ ရဲ့ လှုံဆော်ချက် လို့ ပြော

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က သမ္မတဟောင်း အိုဘားမား ကို ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲ ကာလ တုန်း က သူ့တယ်လီဖုန်း လိုင်း ကို တိတ်တဆိတ် ကြားဖြတ် ခိုးနားထောင်တဲ့ အကြောင်း စွပ်စွဲ လိုက်ပါတယ်။

ဒီ လုပ်ရပ် ဟာ ၁၉၇၂ ခုနှစ် သမ္မတဟောင်း နစ်ဆင် လက်ထက်တုန်း ကလို ဝါတာဂိတ် အရှုပ်တော်ပုံ နဲ့ သဏ္ဍာန်တူတဲ့ အကြောင်း လည်း ပြောပါတယ်။

တကယ်တော့ အမေရိကန် သမ္မတ တွေ အားလုံး အနက် သမ္မတ ထရမ့် ဟာ အင်မတန်ရှုပ်ထွေးတဲ့ စီးပွားရေး ဆက်သွယ်မှု တွေ ရှိတဲ့သူ ဆိုတာ ကျနော် တို့ နိုင်ငံရေး သမိုင်းမှာ ထင်ရှားသူပါ။ သူ့ရဲ့ အကျိုးစီးပွား တွေ ထဲမှာလည်း ကြီးမားတဲ့ အငြင်းပွားစရာ တွေ အများကြီး ရှိနေလို့ အမေရိကန် မဲဆန္ဒရှင်တွေ အနေနဲ့ မနှစ်မြို့ စရာ ဖြစ်နေပါပြီ လို့ သမ္မတ နစ်ဆင် လက်ထက် က အမှုထမ်းဖူးတဲ့ အိမ်ဖြူတော် အရာရှိ ဂျွန်ဒင်းက ပြောပါတယ်။

ဒီစွပ်စွဲတွေ ကို သမ္မတ ထရမ့် အနေနဲ့ ခိုင်လုံတဲ့ သက်သေပြချက် တော့ အတိအကျ မပြောပါဘူး။

သမ္မတ ဟောင်း အိုဘားမား ရဲ့ ပြောခွင့်ရ Kevin Lewis ကတော့ မဟုတ်မမှန် တဲ့ စွပ်စွဲချက် လို့ အိုဘားမားရဲ့ ကြေညာချက် ကို ကိုးကားပြီး ပြောလိုက်ပါတယ်။

အက်ဖ်ဘီအိုင် က ပြီးခဲ့တဲ့ နွေရာသီ က ပြည်ပထောက်လှမ်းရေး စောင့်ကြပ်တဲ့ ခုံရုံးမှ တဆင့် သမ္မတ ထရမ့် ရဲ့ လူတွေ ဟာ ရုရှ အစိုးရ အရာရှိတွေ နဲ့ မသင်္ကာ ဖွယ် ဆက်သွယ်မှု တွေ ရှိနေတယ် ဆိုတာ ကို ရှာဖွေ စုံစမ်းခွင့် ရဖို့ ဝရမ်း လျှောက်ခဲ့ကြောင်း သတင်းမီဒီယာ တွေ ဘက် ကလည်း ပြောနေကြပါတယ်။

ဒီရှာဖွေ ဝရမ်း ကိုလည်း ပထမ ပိုင်း ပယ်ချခဲ့ပေမဲ့ ပြီးခဲ့နှစ် အောက်တို ဘာလ ကတော့ ပြန်လည် ခွင့်ပြုခဲ့ ကြောင်း မီဒီယာ တွေ မှာ ဖေါ်ပြ ထားကြပါတယ်။

ဒါပေမဲ့ တရားဝင် ခွင့်ပြုမိန့် ကျမကျ ဆိုတာ ကတော့ မသေချာပါဘူး။ သမ္မတ ထရမ့် က မစ္စတာ အိုဘားမား အပေါ် မှာ နောက်ထပ် စွပ်စွဲ ချက် ကတော့ အမေရိကန် နိုင်ငံ တဝှမ်း မှာ အစိုးရ အသစ် အပေါ်မှာ နိုင်ငံရေး အရ ကန့်ကွက် ဆန္ဒပြပွဲ တွေ ဟာ လည်း မစ္စတာ အိုဘားမား နဲ့ သူ့လူတွေ ရဲ့ လှုံဆော်ချက် လို့ ပြောတဲ့ သတင်း ကို ဘီဘီစီ သတင်းထောက် လော်ရာ ဘစ်ကာ က ပေးပို့ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ