တရုတ်ရဲ့ ၂၀၁၇ စီးပွားရေးတိုးနှုန်းနှေးမယ်

  • 5 မတ် 2017
ဓာတ်ပုံ မူပိုင် AP
Image caption တရုတ်နိုင်ငံပြင်ပက ပြောင်းလဲမှုတွေသာမက ပြည်တွင်း အသားတင် ရန်ပုံငွေ အလျော့ပြ အကြွေးတင်တာတွေကလည်း အဓိက စိန်ခေါ်မှုတွေ ဖြစ်

တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးနှုန်းဟာ ဒီနှစ်မှာ ပိုပြီး နှေးကွေးမယ်လို့ တရုတ် အစိုးရ ကောင်စီ ဥက္ကဌ လီခိုင်ကျီက ပါလီမန် နှစ်စဉ် အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

ဒီလို နှေးကွေးရတာနဲ့ ပတ်သက်ပြီး မစ္စတာ လီခိုင်ကျီက

'ကမ္ဘာ့စီးပွားရေးတိုးနှုန်းက မကောင်းသေးပါဘူး၊ ကမ္ဘာလွှမ်းခြုံကူးလူးဆက်သွယ်မှုကို ဆန့်ကျင်တာတွေ၊

ကိုယ်ကျိုးစီးပွားရေး ကာကွယ်တဲ့ ဝါဒတွေလည်း ထွန်းကားလာတဲ့အတွက် မသေချာမှုတွေလည်း များလာပါတယ်။

ဒီတော့ တရုတ်နိုင်ငံ ဆက်ပြီး တိုးတက်ဖို့အတွက် စိန်ခေါ်မှုတွေ ပိုပြီး ရှုပ်ထွေးလာပြီ' လို့ မိန့်ခွန်းထဲမှာ ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးနှုန်းကိုလည်း ၆.၅ ရာခိုင်နှုန်းအထိ လျှော့ချ ရည်မှန်းထားတယ်လို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံပြင်ပက ပြောင်းလဲမှုတွေသာမက ပြည်တွင်း အသားတင် ရန်ပုံငွေ အလျော့ပြ အကြွေးတင်တာတွေကလည်း အဓိက စိန်ခေါ်မှုတွေ ဖြစ်တယ်လို့လည်း သူက ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ နာမည်ဆိုးထွက်နေတဲ့ လေထု ညစ်ညမ်းပြီး မြူထတဲ့ ပြဿနာကို ဖြေရှင်းပြီး တရုတ်မှာ ကောင်းကင်ပြာပြာကို ပြန်မြင်ရအောင်လည်း လုပ်သွားမယ်လို့ မစ္စတာ လီက ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ အမျိုးသား ပြည်သူ့ ကွန်ဂရက် အစည်းအဝေးကို တနှစ် ၂ကြိမ် ကျင်းပလေ့ရှိပြီး ဥပဒေပြု အမတ် ၃၀ဝ၀ ကျော်လောက် ဒီအစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ